Sagaing News

0 0
Read Time:2 Minute, 19 Second

အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့သည့် ရဲဘော်များကို ဂုဏ်ပြု ဆုငွေ ချီးမြှင့် (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၃

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်း အောင်မြင်ခဲ့သည့် ရဲဘော်များကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ထံမှ သိရသည်။

 

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို စစ်ကူသွားရောက်ပြီး ဘုတ လင်မြို့သို့ ပြန်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ကြောင်းလုံးချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲ ယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲမှ ပြန်လာသည့် အောင်ပွဲရ ရဲဘော်များကို ယင်းမာပင်ခရိုင် တပ်ရင်း၊ နောက်ချန်ရဲဘော် များက အလေးပြုကြိုဆိုခဲ့ပြီး တပ်ရင်းမှူးက ဂုဏ်ပြုဆုချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းမာပင်ခရိုင် တပ်ရင်း ရဲဘော်များ အနေဖြင့် စစ်ကိုင်းတိုင်း၌ သာမကပဲ အခြားသော စစ်မျက်နှာ ပြင်များတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး အတွက် တိုက်ပွဲဝင်လျက် ရှိကြောင်း အသိပေးထားသည်။

 

အဆိုပါကိစ္စရပ်များကို အောင်မြင်ရန် တိုက်ပွဲဝင် ရဲဘော်များအတွက် လိုအပ်လျက်ရှိသော ကျည်ကာ ဦးထုပ် နှင့်် ကျည်ကာအင်္ကျီများကို မိဘပြည်သူတွေအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

ပြည်သူများ တောင်းတလိုလာနေသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး နှင့် ဖက်ဒရယ် ဒီမို ကရေစီ ပြန်လည်ရရှိရေးအတွက် အသက်ကို ပမာဏ မထားဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကတိပြုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *