Sagaing News

0 0
Read Time:1 Minute, 39 Second

ရေဦးမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ရဲလိုင်းခန်း မီးလောင်ပျက်စီး

 

D Day News

အောက်တိုဘာလ ၃

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ရဲလိုင်းခန်း မီးလောင်ပျက်စီးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF ထံက သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့မ ရဲစခန်းအတွင်းသို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ၊ ရေဦးPDF မှ Fixed Wing Drone များဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု အတွင်း ရဲစခန်းအတွင်းနေထိုင်သူ Informer သန်းနိုင်၏ လိုင်းခန်းပေါ်ကို ဗုံးသီး များ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ယင်းလိုင်းခန်းလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *