Sagaing News

0 0
Read Time:1 Minute, 53 Second

ဘုတလင်တွင် စစ်ကြောင်း တစ်ကြောင်းလုံး ခြေမှုန်းခံလိုက်ရသည့် စစ်ကြောင်းမှာ ခလရ ၁၀၆ မှ ဗိုလ်မှူး – ကျော်တင့် ဦးဆောင်သော ပူးပေါင်းစစ်ကြောင်း ၈၅ ဦးဖြစ်သည်ဟု NUG ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၃

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာအနောက်တောင်ဘက်၌ စစ်ကြောင်းတစ်ကြောင်းလုံး ချေ မှုန်းခံလိုက်ရသည့် စစ်ကြောင်းမှာ ခမရ ၁၀၆ မှ ဗိုလ်မှူး – ကျော်တင့်ဦးဆောင်သော ပူးပေါင်းစစ် ကြောင်း တစ်ခုဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၃၀ ရက် မွန်းတည့် ၁၂ နာရီ ၄၃ မိနစ်အချိန်တွင် ဘုတလင်မြို့နယ်၊ ကူတော်ရွာရဲ ကင်းစခန်းမှ ဘုတလင်သည့် ပြန်လသော ဗိုလ်မှူး – ကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆) ၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့ များ က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စောင့်ကြိုတိုက်ခိုက်ချေမှုန်းမှုသည် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်အထိကြာမြင့်ခဲ့ပြီး တိုက်ပွဲအ တွင်း အကြမ်းဖက်စစ်သား အလောင်း ၃၃ ဦးရရှိကာ ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သုံံ့ပန်း ၄၃ ဦး အ ရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် လက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *