Magway News

0 0
Read Time:1 Minute, 39 Second

ပေါက်မြို့နယ်တောင်ခြမ်း၊ သီးခြောက်ကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၃

 

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ခြမ်းရှိ သီးခြောက်ကျေးရွာကို အကြမ်းဖက်စစ်တပ် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပကဖ ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်က ပေါက်မြို့နယ်၊ သီးခြောက်ကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ပြီး၊ ပကစ ၂၄ မှလည်း ၁၂၂ မမ လက်နက်ကြီးဖြင့် ၄ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး အခြားထိခိုက် ပျက်စီးဆုံးရှုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“သီးခြောက်စာသင်ကျောင်းနဲ့ ရွာထဲကို လေကြောင်းနဲ့ ပစ်သွားတာ၊ တစ်ကြိမ်ပဲ ပစ်သွားတာပါ၊ တစ် ယောက်တော့ ထိတယ်၊ ဒဏ်ရာအခြေအနေကတော့ မေးတုန်း။ ပြီးတော့ ကပစ ၂၄ ကနေ့လည်း ၁၂၂ မမ လက်နက်ကြီးနဲ့ ၄ လုံးပစ်သွားသေးတယ်။ တခြားထိခိုက်ပျက်စီးမှုတွေ သိရအောင်တော့ စုံစမ်းနေတုန်းပါ။” ဟု ပေါက်မြို့နယ် ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *