Magway News

0 0
Read Time:2 Minute, 49 Second

စေတုတ္တရာမြို့နယ်အဆင့် ပျူဖွဲ့စည်းရေး ကော်မတီ၌ ပါဝင်သူ နန်ကြူရွာ အုပ်ကြီး “မုန်တိုင်း” ကို ဖမ်းမိ၊ သေနတ်လုယူထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

အောက်တိုဘာလ ၃

 

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အဆင့် ပျူဖွဲ့စည်းရေးကော်မတီ၌ ပါဝင်သူ နန်ကြူရွာအုပ်ကြီး “မုန် တိုင်း”ကို ဖမ်းဆီးရရှိခဲ့ပြီး သေနတ်လုယူထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွား ကြောင်း စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ ထံမှ သိရသည်။

 

အောက်တိုဘာလ ၁ ရက် ည ၉ နာရီ ၁၉ မိနစ်ခန့်က စေတုတ္တရာမြို့နယ် ၊ မြို့နယ်အဆင့်ပြည်သူ့စစ် အမည်ခံ ပျူအဖွဲ့ ဖွဲ့စည်းရေးကော်မတီတွင် ပါဝင်နေသော စေတုတ္တရာမြို့နယ်၊ နန်ကြူကျေးရွာအုပ် စု၊ နန်ကြူ ရွာ အုပ်ကြီး “မုန်တိုင်း” အား စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အပြစ်ပေး အရေးယူရန် သွားရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ – စကစ နှင့်ပတ်သက်သောအချက် အလက် မှတ်တမ်းများလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသိမ်းဆည်းပြီး နန်ကြူရွာ နှင့် ၃ ကီလိုမီတာခန့် အရောက်တွင် နန်ကြူရွာ ပျူအဖွဲ့မှ သေနတ်များပစ်ဖောက်၍ အုပ်ကြီး(ပျူခေါင်းဆောင်)အား ကယ်ထုတ်ရန် လိုက်လာခဲ့ကြောင်း၊ ထိုသို့ သေနတ်သံများကြားသောအခါ နန်ကြူရွာပျူခေါင်းဆောင်(အုပ်ကြီး) “မုန်တိုင်း”သည် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ရဲဘော်များ၏ လက်နက်ကို လုယူသဖြင့် ခုခံပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရ သည်။

 

နန်ကြူရွာ ပျူခေါင်ဆောင်(အုပ်ကြီး)သည် သန်းခေါင်စာရင်းကောက်ရန်ကိစ္စအား ၎င်းထိန်းချုပ်ရ သော တိုက်နယ်အတွင်းပါ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို အောက်တိုဘာလ ၂ ရက်နေ့တွင် လာရောက်တွေ့ဆုံကြရန် ဆင့်ခေါ်ထားကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်တွင်း စကစနှင့်ပူးပေါင်းပြီး ပြည်သူ့စစ်အမည်ခံပျူအဖွဲ့များ ဖွဲ့ခြင်း စကစ၏ အတုအယောင်ရွေးကောက်ပွဲအတွက် သန်းကောင်စာရင်းကောက်ရာတွင် ပါဝင်ပတ်သက်ခြင်းများ မလုပ်ကြရန် နှင့် ပူးပေါင်းပါဝင်ခြင်း၊ ကူညီပံ့ပိုးခြင်းများ လုပ်ဆောင်သူ မည်သူကိုမဆို စေတုတ္တရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *