KNU News

0 0
Read Time:1 Minute, 51 Second

မူတြော်ခရိုင်အတွင်း၌ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ်ပြီး တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး အပါအဝင် စစ်သား ၄၇ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၃

 

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)အတွင်း၌ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၄၄ ကြိမ် ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စစ်သား ၄၇ ဦးသေဆုံးခဲ့ကြောင်း မူတြော်ခရိုင်က ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ KNLA-အမှတ် ၅ တပ်မ ဟာ နှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်စစ်ရှုံးကောင်စီကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ၄၇ ဦးသေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများအတွင်း သေဆုံးသူများတွင် အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးနှင့် ဒုတပ်ခွဲမှူး ၁ ဦးတို့ပါဝင်ပြီး ဒဏ်ရာရရှိသူများတွင် တပ်ရင်းမှူး ၁ ဦး ပါဝင်ကြောင်း သိရသည်။

 

စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ရှုံးကောင်စီမှ ဖာပွန် (မူတြော်)ခရိုင်အတွင်းရှိ ပြည်သူလူထု နေထိုင်ရာ ကျေးရွာများ၊ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ် မှု လက်နက်ကြီး အလုံးရေ ၉၉ လုံး ရှိပြီး အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *