Karenni News

0 0
Read Time:3 Minute, 24 Second

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ဘုရားဆင်းတုတော်များ၏ ခေါင်းကိုဖြတ်ကာ ဘာသာရေး အဓိက ရုဏ်ဖြစ်စေရန် ဖန်တီးမှုကို ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကို ဖော်ထုတ်အရေးယူမည်

 

D Day News

အောက်တိုဘာလ ၃

 

ကရင်နီပြည်၊ ရှမ်းပြည်နယ်တောင်းပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ဘုရားဆင်းတော်များကို ခေါင်းဖြတ်ကာ ဘာသာရေးအဓိကရုဏ်းဖြစ်စေရန် ဖန်တီးမှုကို ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများ ကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း KNDF ဖယ်ခုံဇုံက ထုတ်ပြန်ထားသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ဘုရားစေတီတစ်ဆူ၌ တည်ထားကိုးကွယ်သော ဘုရားဆင်းတုတော်များအားလုံး ခေါင်းဖြတ်ထားခံရသည့် ဗီဒီယိုတစ်ခု လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာများပေါ် ပျံ့နှံ့ခဲ့ပြီး ယင်းဗွီဒီယိုဖိုင်နှင့် ဓာတ်ပုံတွင် ဘုရားဆင်း တုတော်များ၏ ဦးခေါင်းကို ဖြတ်ကာ ဖျက်ဆီးထားကြောင်း တွေ့ရှိရသည်။

ထိုသို့ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် ၁ နှင့် စစ်ဗျူဟာအမှတ် ၈ တို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း၊ တော်လှန်ရေးအင်အားစုများ အ နေဖြင့် လအိကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်ခံများနှင့်ပူးပေါင်းကာ ဤဖြစ်ရပ်ကို ကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်သောအပြစ်ပေးမှုကို ချမှတ်ဆောင်ရွက်သွားမည် ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ လုပ်ရပ်သည် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်မြတ်ထားကိုးကွယ်ရာ ဘုရားဆင်းတုတော်များ ကို ဆိုးရွားစွာ ဖျက်ဆီးခြင်းဖြစ်ပြီး တော်လှန်ရေးအားကောင်းသော နယ်မြေ၌ နိုင်ငံရေး၊ ဘာသာရေး အထိကရုဏ်းကို ဦးတည်စေရန် ဖန်တီးလုပ်ဆောင်နေဖြစ်ကြောင်း ကရင်နီအမျိုူသားများကာကွယ် ရေးတပ် – KNDF စစ်ဗျူဟာ အမှတ် ၁ နှင့် စစ်ဗျူဟာ အမှတ် ၈ တို့က ပူးတွဲထုတ်ပြန်ထားသည်။

 

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာတော့ ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်ကြ ဖို့တော့အစီအစဉ်ရှိပါတယ်။ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်နဲ့ ဘာရေးအဓိကရုဏ်းဖြစ်အောင်က အမြဲတမ်း တိုက်နေကြပဲ၊ ဒါပေမယ့် ကျနော်တို့က နားလည်ကြလို့ ပြသနာမဖြစ်တာပါ။ အခုက အားလုံးဒုက္ခ ရောက်နေတဲ့အချိန် ဘာသာရေးသွေးထိုးပြီးတော့ လုပ်နေတာလည်းရှိတယ်၊ လေယာဉ်နဲ့ ကျနော်တို့ ခရစ်ယာန်ကျောင်းတွေ ဗုံးကျဲနေတာလည်း အများကြီးပဲ၊ ဒါကသက်သက်ကို ပြိုကွဲအောင် ၊ မညီ ညွတ်အောင် ဖန်တီးတဲ့အခြေအနေကို သူတို့(စကစ) ဖန်တီးပြီးတော့ လုပ်ဆောင်တာပဲ၊ အားလုံး သော လူထုက နားလည်ပြီလို့တော့ မြင်ပါတယ်။” KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြော ကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *