Bago News

0 0
Read Time:3 Minute, 41 Second

အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်သို့ စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး စိန်ပြောင်း ၁ လက်အပါအဝင် သေနတ် ၄ လက်ရရှိ၊ စစ်တပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်မှုကြောင့် ခဲယမ်းအရေးပေါ်လိုအပ်နေ

 

D Day News

အောက်တိုဘာလ ၃

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ကို ကြား ဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး စိန်ပြောင်း ၁ လက်အပါ အဝင် လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၉ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ် ဖွဲ့များ စိုးမိုးထားသည့် အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ၊ ခမရ ၆ စစ်ကြောင်းကို PDF တပ်ရင်း – ၃၈၀၂ ၊ တပ်ခွဲ – (၄) မှ ကြားဖြတ် တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး သေ ဆုံးကာ ၁၄ ဦး ပြင်းထန် ဒဏ်ရာများရရှိပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ G-3 အမျိုးအစား သေနတ် ၂ လက်၊ MA-1 အမျိုး အစား သေနတ် ၁ လက်၊ ၆၀ မမ BA 100 စိန်ပြောင်း ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ G-3 ကျည် ၁၈၁ တောင့်၊ MA-1 ကျည် ၁၃ တောင့်၊ ကျည်ဘောက် ၄ ခု၊ အီကွေးမန့် ၁ ခု၊ ကျောပိုးအိတ် ၅ လုံး၊ စကစ ဦးထုပ် ၂ လုံး၊ မိုးကာ ၁ ထည်၊ ငွေသား ၇၄၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၅ လုံး၊ မှတ်ပုံတင်နှင့် သက်သေ ခံ ကဒ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယခုလက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြုကာ အုတ်ဖိုမြို့နယ် နှင့် ကြို့ပင်ကောက်မြို့နယ်တို့အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကလည်း ပူးပေါင်းကာ ခုခံတိုက်ခိုက်နေကြောင်း၊ သို့သော်လည်း ခဲယမ်းလိုအပ်ချက်အရေးပေါ် ဖြစ်ပေါ်နေကြောင်း သိရသည်။

 

“အခုလက်ရှိ အုတ်ဖိုမြို့နယ်နဲ့ ကြို့ပင်ကောက်မြို့နယ်မှာ ကြို့ပင်ကောက်မြို့နယ်မှာ စခ အင်အား အများအပြားနဲ့ မတရားဖိပြီး စစ်ကြောင်းထိုးနေတာပေါ့၊ ကြို့ပင်ကောက်မြို့နယ်မှာ အခုမနက်ဆို ရင် ခွဲ ၄ နဲ့တိုက်ပွဲဖြစ်တယ်။ ခွဲ ၄ ကတော့ သေနတ် ၄ လက်ရတယ်။ စိန်ပြောင်းတစ်လက်နဲ့ သေနတ် ၃ လက်နဲ့ရတာ၊ အခုက စခတွေလည်းတော်တော်ကျတယ်။ အင်တိုက်အားတိုက် မတရား အများကြီး တက်လာလို့ ကျနော်တို့လည်း မဟာမိတ်တွေနဲ့ပေါင်းပြီးတော့ ခုခံနေတာ၊ အခုလက်ရှိက အရေးပေါ် ကျည် အရမ်းလိုနေတယ်။ ကျနော်တို့လည်း နောက်ကြောင်းကို ပြန်မဆုတ်ချင်ဘူး။ ရှေ့ပဲ တိုးချင် တာ။ အကူအညီမရဘူးဆိုရင်တော့ နောက်ပဲပြန်ဆုတ်ရမှာပေါ့၊ ဒါပေမယ့်လည်း ကျနော်တို့ရဲ့စိတ် တွေကတော့ ရှေ့ပဲ တိုးချင်တာ၊ နောက်ကြောင်းပြန် ချင်ဘူး။ ကျည်ရှိမယ်ဆိုရင်တော့ တောင့်ခံထား နိုင်ချင်တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *