Tanintharyi News

0 0
Read Time:1 Minute, 35 Second

ဘုတ်ပြင်းမြို့နယ်တွင် စစ်သားများစီးနင်းလာသောကားကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုအရာရှိ ၁ ဦး အပါအဝင် ၃ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၂

 

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း Flying Star Force အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၇ ရက် နံနက် ၈ နာရီ ၁၂ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်၊ တပ် ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများလိုက်ပါလာသော ကား ၁ စီးသည် ကရသူရိသို့ သွားရောက် ပြန်လာစဉ် အသင့်စောင့်ကြို၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေတပ်ဗိုလ်ကြီးအဆင့်ရှိသူ အရာ ရှိတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒဏ်ရာအပြင်းအထန် ရရှိသည့် စစ်သား ၁ ဦးကို ကော့သောင်းဆေးရုံသို့ ပို့ဆောင်ကုသစဉ် ထပ်မံသေဆုံးသွားခဲ့ရာ စုစုပေါင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Flying Star Force အဖွဲ့မှ တော်လှန်ရေး ရဲဘော်များကတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *