Tanintharyi News

0 0
Read Time:1 Minute, 56 Second

ထားဝယ်မြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သား ၇ ဦးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၂

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ် မြောက်ရေးတပ်တော်ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ဇဟာရွာဘက်သို့  (VIGO) ကားဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီတပ် သား ၇ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ကားမှန်များကြေမွပြီး ရပ်တန့်မှုမရှိဘဲ ဆက် လက် မောင်းပြေးသွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ကျန်သူ များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုတွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့ ၊ က္လားသစ္ဆတ် (ကျားသစ်နက်) နှင့် Eastem Defense Force (EDF) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်

 

တစ်နိုင်ငံလုံးအနှံ့ အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြုသွားလာနေထိုင်ပေးကြပါ ရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် – DNLA က တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *