Sagaing News

0 0
Read Time:2 Minute, 28 Second

ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရ

 

D Day News

အောက်တိုဘာ ၂

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီခန့်က ကလေးမြို့နယ်တောင်ပိုင်းရှိ  တင်သား ကျေးရွာ၊ ကျောက်ဖူးကျေးရွာ၊ ဒိုးနွယ်ကျေးရွာ နှင့် အရှေ့စီးကျေးရွာတို့ကို မြောက်ခရမ်းရွာ၊ ဟံသာ ဝတီ၊ ကျန်သာရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုများအတွင်း ဒိုးနွယ်ကျေးရွာရှိ ရုံးအနီး ကျရောက်ပေါက်ကွဲမှု၌ ဒိုးနွယ်ရွာမှ ပြည်သူ ၄ ဦး နှင့် အရှေ့စီးရွာမှ ပြည်သူ ၂ ဦး စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့် ဇွန်လကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ရာ တင်သားကျေးရွာမှ တစ်အိမ်တည်းနေ သားအဖ ၂ ဦးအပါအဝင် ၄ ဦး သေဆုံးကာ ၁၂ ဦးဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

“ဘာတိုက်ပွဲမှ မရှိပဲနဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာ၊ ဖုန်းလိုင်းတွေလည်း မနေ့ကတည်း က ဖြတ်ခံထားရတယ်။ တိုက်ပွဲမရှိပဲ အခုလို မကြာခဏပစ်ခတ်ပါတယ်။ အခုပစ်ခတ်တာက ဒိုးနွယ် ရွာက ၄ ယောက်၊ အရှေ့စီးရွာက ၂ ယောက် ၆ ယောက်ဒဏ်ရာရတယ်။ တစ်ယောက်က စိုးရိမ်ရ တယ်။ ပြီးခဲ့တဲ့ ၆ လပိုင်းတုန်းကလည်း အခုလို ပစ်တာ၊ တင်သားရွာက ၁၂ ယောက် ဒဏ်ရာရတယ်။ တစ်အိမ်နဲ့ ၄ ယောက်ထိပြီး သားအဖ ၂ ယောက် သေတယ်၊ အားလုံးပေါင်းရင် ၄ ယောက်သေတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *