MNDAA News

0 0
Read Time:9 Minute, 14 Second

MNDAA ထိန်းချုပ်ထားသော အထူးဒေသ ၁ နယ်မြေ၌ ၃ လအတွင်း စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၁ ဦးသေဆုံးပြီး ၉၀ ကျော်ဒဏ်ရာရရှိကာ အ ဆောက်အအုံများစွာ ပျက်စီး

 

D Day News

အောက်တိုဘာလ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ MNDAA ထိန်းချုပ်ထားသော နယ်မြေ၌ ၃ လအတွင်း အ ကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃၁ ဦးသေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိကာ အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။

 

ဇူလိုင်လတွင် လားရှိုးမြို့ကို လက်လွတ်လိုက်ရသော မင်းအောင်လှိုင်၏ အကြမ်းဖက် စစ်ကောင်စီ တပ်က လက်တုန့်ပြန်တိုက်ခိုက်သည့်အနေဖြင့် MNDAA ထိန်းချုပ်ထားရာ ကိုးကန့်မြို့တော်လောက် ကိုင်မြို့၊ သိန္နီခရိုင်၊ လားရှိုးမြို့အအပါအဝင်အခြားနယ်မြေများကို မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်က လေကြောင်းဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၂၅ ကြိမ်လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၃၁ ဦး သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့ကာ မရေမတွက်နိုင်သော အများပိုင်အဆောက်အအုံများဖြစ်သည့် နေအိမ်များ၊ ဟိုတယ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင် သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၃၀ မိနစ်အချိန်အထိ မင်းအောင် လှိုင်၏ အာဏာသိမ်းတပ်က အထူးဒေသ(၁)ဖြစ်သည့် သိန္နီခရိုင်ရှိ လူနေရပ်ကွက်များကို အကြိမ် ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး မြန်မာစာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ယခင် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ နည်းပညာ ရုံးခန်းဟောင်း ၂ လုံးနှင့် နေအိမ် ၄ လုံး လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတိုက်လေယာဉ်များက အထူးဒေသ(၁)၏ မြို့တော် လောင်ကိုင်မြို့ တုံချိန်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ အရပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးနားရှိ ဟိုတယ်နှင့် အဆောက်အဦများ ပျက်စီးကြောင်း သိရသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၇ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်မှ တိုက်လေ ယာဉ် ၂ စင်းဖြင့် အထူးဒေသ(၁)သိန္နီခရိုင်ရှိ လူနေရပ်ကွက်များကို ဗုံးသီး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကာ ၅ ဦးမှာ ဒဏ်ရာအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၃ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၁၈ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ် က အထူးဒေသ(၁)၏ မြို့တော် လောက်ကိုင်မြို့ တုံချိန်ဒေသကို ထပ်မံတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၅ မိနစ် တွင် မင်းအောင်လှိုင် အာဏာသိမ်း တပ်က လောက်ကိုင်မြို့ ရွှေဆင်(Jin Xiangcheng)ဒေသ မူလ ၃၁၁ ရင်ပြင် အနီးတွင် အနီးနား တွင် ဗုံး ၂ ကြိမ် စုစုပေါင်း ဗုံး ၄ လုံး ကြဲချခဲ့ရာ အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်က သိန္နီမြို့ပေါ်၌ နောက်ထပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ ကာ အရပ်သားပြည်သူများ၏ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်းမှ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ နံနက်အစောပိုင်းအထိ မင်း အောင်လှိုင်၏ အာဏာသိမ်းတပ်က လောက်ကိုင်မြို့ တုံချိန်ဒေသနှင့် ကိုးကန့်ခရိုင် တုံရှန်ဒေသ ထိုင်ဖျင်မြို့နယ်ရှီ ဇီယွမ်ကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်ရ၍ လူအများဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ် တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူး ဒေသ ၁ ကွတ်ခိုင်ခရိုင်မြို့ပေါ်နှင့် အဓိကလမ်းမကြီးများပေါ်တွင် ဗုံးကြဲချခဲ့ရာ အပြစ်မဲ့ ပြည်သူ ၈ ဦး ထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာအပြင်းအထန်ရကာ လမ်းဘေးအိမ်များ အများအပြား ပျက်စီး ခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်ဖွဲ့က လားရှိုးမြို့ အရပ်သား နယ်မြေများကို လေကြောင်းမှ ဗုံး ၂ လုံး ကြဲချခဲ့ရာ အပြစ်မဲ့အရပ်သား အနည်းဆုံး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူနေအဆောက် အအုံများ၊ ဓာတ်ကြိုးများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများ အများအပြား ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က သိန္နီခရိုင် သံလွင်လျင်ဟိုန်ဒေသ နန်ဘန်းမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အ ပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊  ယင်းထိခိုက်ဒဏ်ရာရရှိသူများ အနက် ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့ကို စတုတ္ထအကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက် နံနက်အစောပိုင်းတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က တိုက်လေ ယာဉ်များဖြင့် လားရှိုးမြို့ ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိကာ လူနေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ်မှ ၅၀ နာရီအထိ မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်က လားရှိုးမြို့၊ လားရှိုးရပ်ကွက် ၂ မြို့မစျေး၊ အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ရပ်ကွက် ၁ တို့ကိုလေကြောင်းဖြင့် ၃ ကြိမ် အနည်းဆုံး ဗုံး ၁၅ လုံး ကြဲချခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ် ရာ ရရှိကြောင်း၊ ယင်းဒဏ်ရာရရှိသူများအနက် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရ ကြောင်း ၊ ထို့အပြင် ဈေးဆိုင်များနှင့် လူနေအဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ ကြောင်း သိရသည်။

 

စက်တင်ဘာ ၂၈ ရက် နံနက် ၂ နာရီ မိနစ် ၃၀ မှ ၂ နာရီ မိနစ် ၅၀ အကြားတွင် မင်းအောင်လှိုင်၏ အာဏာ သိမ်းတပ်က သိန္နီခရိုင်၊ သံလွင်လျင်ဒေသ နန်ဘန်းမြို့နယ်အား လေကြောင်းမှ ဗုံးအသေး ၁၀ လုံးထက်မနည်း ကြဲချခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး၏ ဝဲဘက်ခြေထောက် ကျိုးကျကာ အိမ်များ၊ လမ်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၂ နာရီ ၃၅ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့၊ ရပ်ကွက် ၁၁ ဂေါက်ကွင်းနှင့် ရပ်ကွက် ၈ မန်ဆူဟိုတယ်သို့ ဗုံး ၃ လုံး ကြဲချခဲ့ရာ  အရပ် သားပြည်သူ ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုး ရပ်ကွက် ၁၂ မန်နားရွာသစ်အား ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၆ ဦး ဒဏ်ရာရခဲ့ပြီး ယင်းဒဏ်ရာရရှိသူများအနက် ၃ ဦး ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *