Magway News

0 0
Read Time:3 Minute, 31 Second

ယောနယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်းပါဝင်ဆောင်ရွက်သည့် မည်သူ့ကိုမဆို ထိရောက်စွာအရေးယူမည်ဟု YDF ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၂

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ယောနယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက် ယူမှုကို ပူးပေါင်းပါဝင်သည့် မည်သူ့ကို မဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ယောဒေသကာ ကွယ်ရေးတပ် – YDF က ထုတ်ပြန်သည်။

 

အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ လက်လှမ်းမီ သည့် အတိုင်းအတာဖြင့် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေခြင်းသည် ပြည်သူ့အာဏာကို မတရား လုယူထားသည့် အာဏာအဓွန့်ရှည်တည်တံ့နိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ယုတ္တိမရှိသော မဲမသမာမှု အကြောင်းပြချက်ဖြင့် မတရား အာဏာလုယူထားမှု ကြောင့် ပြည်သူများ၏ တော်လှန်စစ် ဖြစ်ပေါ်လာခဲ့ ခြင်းဖြစ်ကြောင်း YDF က ပြောဆိုထားသည်။

လက်ရှိအချိန်ထိ ပြည်တွင်းစစ်မီးများ တဟုန်ထိုး တောက်လောင်ကာ တိုင်းပြည် မငြိမ်မသက် ဖြစ် နေပြီး ပြည်သူများမှာ စစ်ဘေးအပြင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးကြောင့် အလူးအလဲ ရင်ဆိုင်နေရချိန်တွင် သန်းခေါင်စာရင်းကို တဖက်လှည့် အသုံးချကာ အတင်းအဓမ္မ စစ်သားစုဆောင်း နိုင်ရန်နှင့် ၎င်းတို့ကို တော်လှန်နေသော တော်လှန်ရေးသမားများ၏ အချက်အလက်များကို စုဆောင်း ရယူရန် ရည်ရွယ်၍ သန်းခေါင်စာရင်း ကောက်ယူနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ကောက် ကျစ် ယုတ် မာ သည့် အကြံအစည်သာ ဖြစ်သည်ဟု ဆိုသည်။

 

သန်းခေါင်စာရင်း ကောက်ယူနေခြင်းသည် ၎င်းတို့ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအတွက် ပဏာမခြေလှမ်းတရပ်ဖြစ်ပြီး ထိုရွေးကောက်ပွဲဖြင့် စစ်အုပ်စုမှ အာဏာကို ရယူနိုင်ရန်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်များကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲများသည် စစ်အုပ်စု ထောက်ခံ သည့်ပါတီ အနိုင်ရရေးသာဖြစ်ပြီး ပြည်သူတို့လိုလားသည့်ပါတီကို အာဏာပေးအပ်ရန် မဟုတ်သည်ကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်ကြောင်း YDF ထောက်ပြထားသည်။

 

ထို့ကြောင့် နိုင်ငံတကာ အရပ်ဖက် အဖွဲအစည်းများ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် မိဘပြည် သူ များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ပံ့ပိုး ကူညီခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံပါကြောင်း ယောဒေသ ကာ ကွယ်ရေးတပ် – YDF က ထုတ်ပြန်ထားသည်။

 

ထို့အပြင် ယောနယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ယောကာကွယ်ရေး တပ် – YDF က အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *