Karen State News

0 0
Read Time:4 Minute, 6 Second

လေးကေကော်မြို့သစ်အနီး စွယ်တော်ကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းဆောင် ၂ ဆောင်ပျက်စီး

 

D Day News

အောက်တိုဘာလ ၂

ကရင်ပြည်နယ်၊ KNU – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ ၊ ဒူးပလာယာ ခရိုင်၌ လေးကေ့ကော်မြို့သစ် အနီး စွယ်တော်ကုန်း၌ တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့်ပြည်သူ ၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး စာသင်ကျောင်း ဆောင် ၂ ဆောင် ထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ လေးကေကော်မြို့သစ်အနီး စွယ် တော်ကုန်း၌ တပ်စွဲထားသော အမြောက်တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီး ဖြင့် ကော့ကရိတ် မြို့နယ်၊ ဒေါနအရှေ့ခြမ်း ဖလူးကြီးကျေးရွာစာသင်ကျောင်းဆောင်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စာသင် ကျောင်းဆောင် ၂ ဆောင်စလုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယင်းကျောင်းအတွင်း၌ ကျောင်းသားကျောင်းသူ ဆရာဆရာမများ ထိခိုက်မှု မရှိသော်လည်း ဖလူး လေး ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲသော လက်နက်ကြီးကြောင့် ဒေသနေ အမျိုးသမီး (၁) ဦး နှင့် အမျိုးသား (၁) ဦးတို့ ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်း၍ ပစ်ခတ်လျက်ရှိသည့်အပြင် လေကြောင်းမှလည်း လိုက်လံဗုံးကြဲ လျက်ရှိကြောင်း KNU ဗဟိုက အသိပေးထားသည်။

ကေအဲန်ယူ – တပ်မဟာ (၆)၊ ဒူးပလာယာခရိုင် အတွင်းရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်၏ အဓိကကျသော တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စခန်းသိမ်းတိုက်ပွဲအနေဖြင့် နေ့စဥ်နှင့်အမျှ ဖော်ဆောင် လျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက် နံနက် ၁ နာရီခန့်ကလည်း အာဏာသိမ်း အကြမ်းဖက်စစ် ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂) လုံး ဖြင့် ခင်ကန့်လန့်ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ နော်ကလိုစေး (၄၅)နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူမ၏နေအိမ်လည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၂၈ ရက် ည ၇ နာရီ ၁၂ မိနစ်အချိန်ကလည်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ဂွေးကုန်းကျေးရွာအတွင်းသို့ ၁၂၀မမ လက်နက်ကြီး (၂) လုံး ၊ ည (၈) နာရီ နှင့် (၁၀) နာရီ အချိန် တို့တွင် ၁၂၀ မမ လက်နက်ကြီးဖြင့် အင်းပရိတ် ကျေးရွာ အနီး သို့ ၂ လုံး၊ လိန်ပင်ဝိုင်း ကျေးရွာ စာသင်ကျောင်းကို ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စက်တင် ဘာလ (၂၉) ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ် အချိန် တွင် ၎င်းတပ်မှ ၁၂၀ မမ လက်နက် ကြီးဖြင့် ချိုအေးကျေးရွာအတွင်းသို့ (၃)လုံး စက်တင်ဘာလ (၂၇) ရက်နေ့ ညနေ ၅  နာရီ အချိန်တွင် က ညွတ်ကွင်းအခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းမှ လက်နက် ကြီးဖြင့် အင်ကွင်းကျေးရွာအနီးသို့  (၂)လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့ရမှုများ။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *