NUG News

0 0
Read Time:5 Minute, 12 Second

တရားမဝင်အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက် ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံပဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ် ကြောင်း NUG နှင့် NUCC တို့ပူးတွဲထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၁

 

တရားမဝင်အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက် ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံပဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ် ကြောင်း NUG နှင့် NUCC တို့က ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာသိမ်းစဥ်ကတည်းက ပျက်ပြယ်ပြီး ဖြစ် သကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ဖျက်သိမ်းခဲ့ပြီးလည်း ဖြစ်သည်။ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအားအသုံးပြု၍ ပြုလုပ်လိုသည့် မည်သည့်နိုင်ငံရေး လမ်းကြောင်းကိုမျှ လက်မခံ သကဲ့သို့ တရားမဝင်အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက် ယူခြင်း အပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံပဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ် ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာထားဖြစ်သည်။

ထို့အပြင် “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း” ခေါင်း စဥ် ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုအား ပြတ်ပြတ်သားသား ပယ်ချပါကြောင်း ဆက် လက် ကြေညာထားသည်။

 

အကြမ်းဖက်စစ်အုပ်စုသည် တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်း များ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာအဖြစ် နိုင်ငံရေးပြသနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ခြင်းကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ် အုပ်စု၏ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိ ကြရန် NUCC နှင့် NUG တို့က တော်လှန်ရေးအင်အားစုများအား တိုက်တွန်းနှိုးဆော်ထားသည်။

 

စစ်အစိုးရအဆက်ဆက်က လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ် စွန့်၍ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓက များ စွာလည်း ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလည်း အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေး အဖွဲ့အစည်း များအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ခြင်း၊ မြို့ရွာများအားဗုံးကြဲခြင်း၊ ရွာများအား မီးရှို့ခြင်း၊ ပြည်သူများကိုမတရားဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်း စသည်တို့ကို မရပ်မနား ပြုလုပ်နေ ပြီး အခြား တဖက်က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဆိုသည်မှာ ယုတ္တိမရှိ သော လုပ်ရပ် တခုသာဖြစ်ကြောင်း အသိပေးထားသည်။

 

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများကို မည့်သည့်အခါမှ ဝန်ခံခြင်းမရှိ သကဲ့သို့ နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ သော်လည်း ကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်ခြင်း၊ အာဏာ သိမ်းခြင်းစ သည့် အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထု လိုလားသော စစ်မှန်သည့် ငြိမ်းချမ်းရေးအား မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်း သတိပြု ကြရန် အသိ ပေးတိုက်တွန်းထားသည်။

 

အကြမ်းဖက်စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖောက်ဖျက်၍ အာဏာ သိမ်းယူခဲ့ သော တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းတခုသာ ဖြစ်ပြီး တရားမဝင် အကြမ်းဖက် စစ်အုပ်စုတွင် ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်း စသည်တို့ လုပ်ပိုင်ခွင့် မရှိသကဲ့သို့ ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက် ရေး တို့အတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်အား အမျိုးသားညီညွတ်ရေးsအတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ် ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *