Jail News

0 0
Read Time:6 Minute, 9 Second

အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် ၉ လအတွင်း နိုင်ငံရေး အကျဉ်းသား ၉ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁

 

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် ၉ လ အတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦးအပါအဝင် စုစုပေါင်း အကျဉ်းသား ၁၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံရှိ အကျဉ်းထောင် များအတွင်း၌ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် နိုင်ငံရေးအကျဉ်းသား ၉ ဦး ၊ နိုင်ငံ ရေး အကျဉ်းသူ ၂ ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထားရသူ) ၁ ဦး စုစုပေါင်း ကျား၊မ ၁၂ ဦး အသက်သေဆုံးခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်၌ ပုဒ်မ ၅၄ ၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင် တသက် ချမှတ်ခံထားရသူ အသက် ၄၃ နှစ်အရွယ် ကိုရာရှင် (ခ)ဟာရှင် သည် စစ်ကြော ခံရစဉ်အတွင်း အကြမ်းဖက်စစ်သားများ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ရရှိသည့် အတွင်း‌ဒဏ်ရာများ ကို အကျဉ်းထောင်ဝန်ထမ်းများက ကောင်းစွာကုသခွင့် ကောင်းစွာမပေးသဖြင့် ကျဆုံးခဲ့ရ ကြောင်း သိရသည်။

 

အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ပုဒ်မ ၅၂ (က) ဖြင့် ထောင် ၇ နှစ်ချမှတ်ခံထားရသည့် အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် လေထိုးလေအောင့်ဖြစ်စဉ် အကျဉ်းထောင်ဆရာဝန် ၏ ပေါ့လျော့မှုကြောင့် ကျဆုံးခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်  မကွေးတိုင်း၊ မကွေးအကျဉ်းထောင်အတွင်း၌ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် (၁၅) နှစ် အမိန့်ချခံထားရသူ အသက် (၂၂) နှစ်အရွယ် မစုမေအောင်သည် အသည်း ရောဂါ၊ အဆုတ်ရောဂါဖြင့် ကျဆုံးခဲ့ရကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း ကလေးအကျဉ်း ထောင်အတွင်း၌ ပုဒ်မ ၅၀၅ (က) ၊ ၅၂ (က) ၊ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၄ နှစ်ချမှန်ခံထားရသူ အ သက် ၄၅ နှစ်အရွယ် ကိုကြည်ရအောင် သည် ဆရာဝန်များ၏ ပေါ့လျော့မှုကြောင့်ကျဆုံးခဲ့ရကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၄ ရက် နေ့တွင် မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း၌ ပုဒ်မ ၅၀၅ (က) ၊ ၅၀၅(က) အမှု ၂ မှုဖြင့်‌ ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသူ အသက် ၃၅ နှစ်အရွယ် မယဉ်မိုးသည် ကျောက် ကပ်ရောဂါရရှိကာ အကျဉ်းထောင်ဆရာဝန်များက ဆေးကုသခွင့်ကောင်းစွာ မပေးသဖြင့် ကျဆုံးခဲ့ ကြောင်း ၊ အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင်လည်း ပုဒ်မ ၅၀၅ ၊ ၁၂၄ ဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရသူ အသက် ၆၈ နှစ်အရွယ် ဦးအေးဝင်းလည်း ကျဆုံးခဲ့ရကြောင်း သိရသည်။

 

မတ်လ ၆ ရက်နေ့တွင် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း၌ ပုဒ်မ ၅၂ (က) ၊ ပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံထားရသူ အသက် ၆၄ နှစ်အရွယ် ဦးခင်စိုးသည် စစ်ကြောရေး၌ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် အတွင်းကြေဒဏ်ရာအပြင် ဗိုက်အာင့် ဝေခံစားရကာ ဆေးဝါးလုံးလောက်စွာ ကုသမှုမပေးသဖြင့် ကျဆုံးခဲ့ရကြောင်း သိရသည်။

 

မေလ ၁၁ ရက်နေ့တွင်လည်း ဒိုက်ဦးအကျဉ်းထောင်အတွင်း၌ပင် ပုဒ်မ ၅၀ ည ဖြင့် အကျဉ်းကျနေသူ အ သက်၃၂ နှစ်အရွယ် ကိုလင်းလင်းထွန်း(ခ) လယ်ဝေးအကျဉ်းထောင်တွင်း ကျဆုံးခဲ့ရကြောင်း သိရ သည်။

 

ဇူလိုင်လ ၂၇ ရက်နေ့တွင် သရက်အကျဉ်းထောင်အတွင်း၌ ပုဒ်မ ၅၂ – က/ ၅၁ – ဂ ဖြင့် မတရားဖမ်း ဆိးခံထားရသူ အသက် ၃၉ နှစ်အရွယ် ကိုညီညီသည် သွေးတိုးရောဂါဖြင့်လည်းကောင်း၊ အင်းစိန် အ ကျဉ်း ထောင်အတွင်း၌လည်း ပုဒ်မ ၅၀၅ (က) / ၅၂ – က တို့ဖြင့် အကျဉ်းချခံထားရသည့်အသက်   ၄၅ နှစ် အရွယ် ကိုနေလင်းထိုက်သည် အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ကျဆုံးခဲ့ရကြောင်း သိရသည်။

 

ဩဂုတ်လ ၂၈ ရက်နေ့တွင် သရက်အကျဉ်းထောင်အတွင်း၌ ရဲစည်းကမ်းဖြင့် အဖမ်းခံထားရသည့် CDM ရဲဝန်ထမ်း ကိုမျိုးသူသည် ကျန်းမာရေးအရေးပေါ်ဖြစ်ချိန် ဆရာဝန်အချိန်မှီမရောက်ရှိ၍ ကျဆုံး ခဲ့ရကြောင်း သိရသည်။

 

စက်တင်ဘာလအတွင်း၌လည်း မွန်ပြည်နယ် သထုံအကျဉ်းထောင်၌ အကျဉ်းကျခံခဲ့ရသည့် အသက် ၅၇ နှစ် အရွယ် ဦးသန့်ဇင်သည်လည်း ကျန်းမာရေးမကောင်းစဉ် ဆေးဝါးစောင့်ရှောက်မှု လုံလောက် စွာ မရရှိသဖြင့် ရင်ကြပ်ရောဂါဖြင့် ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

 

ထောင်တွင်း၌ သေဆုံးခဲ့ရသူများစွာ ရှိနေသည့် မြန်မာပြည်အကျဉ်းထောင်များသည် အရှေ့တန်းစစ် မြေပြင်သဖွယ် ခေါင်းစဉ်အမျိုးမျိုးနှင့် သတ်ဖြတ်ခံနေရပြီး ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံ လောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ငံရေးအကျဉ်းသားများ မသေဆုံးခင် ယာယီ ထားသည့် နေရာများအဖြစ်သာ ဆက်ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *