International News

0 0
Read Time:4 Minute, 13 Second

မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ် သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆို

 

D Day News

အောက်တိုဘာလ ၁

 

မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ် သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်သည်။

 

စက်တင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံ အစည်းအဝေး၌ ၎င်းက တိုက်တွန်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေးဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝလိုက်နာမည်ဖြစ်သည်ကို ထပ်လောင်းအတည်ပြု ကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်က နျူကလီးယား လက်နက်တားဆီးပိတ်ပင်ရေး ဆိုင်ရာစာချုပ် (TPNW) ကို လက်မှတ်ရေးထိုးခဲ့ပြီး နျူကလီးယားလက်နက်စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာစာချုပ် (CTBT) အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

သို့သော်လည်း ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင် အာဏာသိမ်းမှုကြောင့် TPNW အား အတည်ပြုလက်မှတ်ရေးထိုးရေး လုပ်ငန်းအပေါ် ရပ်တန့်စေခဲ့ပြီး စိန်ခေါ်မှုများကို ကြုံတွေ့နေရသော် လည်း မြန်မာနိုင်ငံ အနေဖြင့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ အဆင့်မြင့်အရာရှိကြီးများ ဆွေး နွေးမှု သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် (CTBT) ကြေညာချက်အပေါ် ပါဝင်ခဲ့ခြင်း အပါအဝင် နျူကလီး ယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီးတည်ထောင်ရေးဆိုင်ရာ ရည်မှန်းချက် များအားလုံး ကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

မြန်မာပြည်သူများသည် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်၏ အာဏာသိမ်းယူမှုခံရပြီးနောက် ၎င်းတို့ ၏ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်း၊ လေကြောင်းသုံးတိုက်ခိုက်ခြင်းတို့ကို ခံစားနေခဲ့ကြရာ ယင်းလက်နက်များ၏ ဖျက်ဆီးစွမ်းအားကို ကောင်းစွာ သိရှိနားလည်ကြောင်း၊ မြန်မာပြည်သူများ အပေါ် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ် သည့်ဖိနှိပ်မှုများ ရပ်တန့်စေနိုင်ရန် မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက် စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် အဖွဲ့ဝင်နိုင်ငံများအားလုံးသို့ တောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

နျူကလီးယားကင်းစင်သောကမ္ဘာကြီးဖြစ်ပေါ်စေရန် လိုက်နာရမည့် ကတိကဝတ်များကို မြန်မာနိုင်ငံ အနေဖြင့် အပြည့်အဝလိုက်နာမည်သွားမည်ဖြစ်ပြီး လုံခြုံ စိတ်ချသည့် ကမ္ဘာကြီးပေါ်ပေါက်လာစေ ရေး ဆွေးနွေးညှိနှိုင်းများအားလုံးတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ရန် အမြဲအဆင်သင့် ရှိ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *