Magway News

0 0
Read Time:2 Minute, 5 Second

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုရှိ

 

D Day News

စက်တင်ဘာလ ၃၀

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Pakokku People Defense Force (PPDF) ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် နံနက် အစောပိုင်းက ပခုက္ကူမြို့နယ် ၊ အင်ပင်ကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ပခုက္ကူမြို့ အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၀၁ မှ တာဝေးပစ် ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် တိုက် ပွဲပြီးဆုံးနောက်လည်း တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများအတွင်းသို့ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force ( PPDF ) ၊ ပခုက္ကူ (ပ.က.ဖ) ၊ ပခုက္ကူ ခရိုင် တပ်ရင်း ၂ ၊ တပ်ရင်း ၁၆ ၊ အညာမြေစစ်ဆင်ရေး ၊ RDF ၊ 8+1 ၊ ဒေါင်းစစ်သည် ၊ မြိုင် (ပ.က.ဖ) နှင့် နဂါးနီတိုက်ခိုက်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *