Mandalay News

0 0
Read Time:6 Minute, 13 Second

မြောင်၊ ငါန်းဇွန်နှင်မြင်းခြံမြို့နယ်တို့တွင် ၃ လတာ စစ်ဆင်ရေးအတွင်း စစ်သား ၆၆ ဦးသေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂၉

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့တွင် ၃ လတာ ကာလ စစ်ဆင်ရေးအတွင်းအကြမ်းဖက်စစ်သား ၆၆ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

 

မေလ ၃ ရက်နေ့က မြောင်မြို့နယ် ရွှေလှေရွာသို့ အကြမ်းဖက်စစ်သား၊ ပျူ အင်အား ၈၀ ခန့် ပို့ ဆောင်ရန် ရေကြောင်းအတိုင်းထွက်လာသည့် အကြမ်းဖက်စစ်တပ် သင်္ဘောများကို မင်းတန်းရွာ အနီးသို့ ရောက်ရှိစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သာဒွန်းကျေးရွာသို့ ပြန်ဆုတ်သွားကြောင်း၊၊ ထို့ နောက် မေလ ၅ ရက်န့တွင် သာဒွန်းကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူများကို တော်လှန် ရေး တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၅ ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က ည ၁၂ နာရီအချိန်တွင် မင်းတန်းကျေးရွာကို ဂျက်ဖိုက် အသုံးပြုပြီး ပေါင် ၂၀၀ ဗုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၂၁ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင်ရွာအနိး ရှောင်တခင် စစ်ဆေးနေသော အ ကြမ်းဖက်စစ်သား ၂၀ ခန့်ကို ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဇွန်လ ၉ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ရဲမဒိုင်းကျေးရွာ တောင်ဘက်မြစ်ရေတင်တာဘောင်သို့ ကင်း လှည့် လာသော စစ်တပ်ကား ၁ စီး၊ ဆိုင်ကယ် ၃ စီးပါ ယာဉ်တန်းကို ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အချို့စစ်သား၊ ရဲများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၇ ရက်နေ့တွင်လည်း ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် -ငါန်းမြာလမ်းမပေါ် သာကျင်းကျေးရွာအနီး ၌ အင်အား ၄၀ ခန့်ပါ စစ်သား၊ ရဲ ကား ၃ စီးကို ပဒေသာမိုင်း ၁၀ ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်သား အများ အပြားဒဏ်ရာရရှိပြီး အရေအတွက် အတိအကျသိရှိရခြင်းမရှိကြောင်း၊ ဇူလိုင်လ ၉ ရက်နေ့တွင် ငါန်း ဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာ မြစ်ရေတင်တာဘောင် ၊ ကုလရွာမြောက်ဘက် ခြေလျှင်စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်သားများကို ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့၊ ဆီမီးခုံစခန်းမှ စစ်တပ်အရာရှိတစ်ဦး ဈေးဝယ် ထွက်လာစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါစစ်တပ်အရာရှိသေဆုံးပြီး MA1 အမျိုးအစား သေနတ် တစ်လက်၊ ကျည်ဘောက် ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၄ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ကုလရွာ တောင်ဘက် ငါန်းဇွန် -ငါန်းမြာလမ်းမပေါ် တွင် အင်အား ၂၅ ဦးခန့်ပါ စစ်ကား ၂ စီးကို ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၆ ရက် နေ့တွင်လည်း ငါန်းဇွန်မြို့နယ် ငါန်းမြှာကြီးရဲစခန်းကို ၄၀ မမ အသီး ၂ လုံး အပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ဩဂုတ်လ ၈ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် ငါန်ဇွန်း-ငါန်းမြှာလမ်းမပေါ် မင်းကြီးကြပ်ကျေးရွာသို့ အင် အား ၄၀ ခန့်ပါသော ကား ၂ စီး ပဒေသာမိုင်း အလုံး ၂၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ် လ ၁၅ ရက်နေ့တွင်လည်း ငါန်းဇွန်မြို့နယ် သားကျင်ကျေးရွာထဲတွင် အင်း ၂၅ ဦးဖြင့် ယာယီ အထိုင် ချနေသော စစ်သားများကို ၄၀ မမ ဗုံးသီး ၁ လုံးဖြင့်လည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၁၆ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် တောင်ရွာဘိုရွာသို့ အင်အား ၃၅ ဦး ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်သားများကို နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့အပြင် တောင်ရွာဘို့ရွာမှာ လာသော အကြမ်းဖက်စစ်ကား ၁ စီးကိုလည်း ငါန်းဇွန် – ငါန်းမြှာလမ်းမပေါ်တွင် မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၁၉ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် ငါန်းမြှာကျေးရွာ ငါန်းမြှာကြီးရဲစခန်းကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်း ကျား ၅ ဦး၊ မ ၂ ဦး ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲ ယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ ရဲစခန်းကို တော်လှန်ရေးအင်ာအးစုများက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ အများအပြားသေဆုံးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ၃ တာကာလ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သား ၆၆ ဦးသေဆုံးပြီး အများပြားဒဏ်ရာ ရရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို ဇာမဏီပြောက်ကျားတပ်ဖွဲ့ နှင့်အတူနယ်မြေခံတော် လှန် ရေးအင်အားစုများနှင့်ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *