Bago News

0 0
Read Time:2 Minute, 37 Second

ပေါင်းတည်မြို့နယ်တွင် မုဒိမ်းမှုဖြင့် ထောင်ကထွက်လာသူ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

စက်တင်ဘာလ ၂၉

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်တွင်တွင် မုဒိမ်းမှုဖြင့် ထောင်ကထွက် လာသူ အုပ်ချုပ်ရေးမှူး ငန်းသန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်၊ ၃၆၀၁ PPDF တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်က ပေါင်းတည်မြို့နယ်၊ ဇီးပင်လှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ထွက်လာသူဖြစ်၊ ရဲဘက်ပြေး လည်းဖြစ်သူ ငသန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြာနီကန်ကွက်သစ် ဘောလုံး ကွင်း ထဲ၌ ပြု လုပ်သော ဂျင်ဝိုင်း၊ ဖဲဝိုင်း၊လောင်းကစားဝိုင်းများ၌ ဆက်ကြေး ကောက်နေစဉ် ပစ်ခတ်ရှင်း လင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်မှုကြောင့် ငသန်း၌ သေနတ် ၂ ချက်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားပြီး ၎င်းထံမှ ဖုန်း တစ်လုံးနှင့် ဓားမြှောင်တစ်ချောင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ငသန်းကို စစ်ကောင်စီ က ထုတ်ပေးထားသော သေနတ် အတို ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးထုတ်ပေးထားသည်ဟု သတင်း ရရှိထားသော်လည်း ပစ်ခတ်ရှင်းလင်းချိန်တွင် သိမ်းဆည်းရရှိခဲ့ခြင်း မရှိဟု ဆိုသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၅ နှင့်ရွှေတောင် ပကဖ ရဲဘော်များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသွားသော အုပ်ချုပ်ရေးမှူးငသန်းသည် ယခင် အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရပြီး သေဆုံးချိန် တွင် ဝင်ရောက်ရယူခဲ့သူဖြစ်ပြီး သက်ငယ်မုဒိန်းမှုဖြင့် ထောင်ကျခဲ့သူလည်းဖြစ်ကြောင်း၊ ရဲဘက်ပြေး တဦး ဖြစ်သလို အကြမ်းဖက်စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သား စုဆောင်းပေးခြင်း၊ လူငယ် များကို ပေါ်တာဆွဲခြင်း လုပ်ဆောင်ရာတွင်လည်း တက်ကြွစွာလိုက်ပါဆောင်ရွက် သူဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *