Sagaing News

0 0
Read Time:1 Minute, 51 Second

ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းနှင့် ဘုတလင်မြို့နယ်၊ ကူတော်ရွာစစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၂၈

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းနှင့် ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်တပ် စခန်းတို့ကို ဒရုန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိ ရသည်။

 

စက်တင်ဘာလ ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်ခန့်က ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းကို Fix wings ၃ စီးဖြင့် Air Drop Boom ၅ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ် ရဲစခန်းအတွင်း ထိရောက် ဗုံး သီး များ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Drone Force မဟာမိတ်များဖြစ်ကြသည့် National People Defence Force- Yinmarbin-NPDF ၊ Eagle wings နှင့် ပုံတောင် Tiger People Defence Force တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်တပ် စခန်းကို ဒရုန်းများဖြင့် ဗုံးသီးအလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း (BOB) နှင့် Armed Revolution Force – KU (ခင်ဦးမြို့နယ်ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *