Kachin State News

0 0
Read Time:1 Minute, 28 Second

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်း နယ်မြေစုံစမ်းရန် အရပ် ကားကိုအသုံးပြုပြီး အရပ်ဝတ် များဖြင့် ထွက်လာသူ ရဲ ၄ ဦးကို အရှင်ဖမ်းမိ

 

D Day News

စက်တင်ဘာလ ၂၈

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်း နယ်မြေစုံစမ်းရန် အရပ် ကားကို အသုံးပြု ပြီး အရပ်ဝတ်ဖြင့်ထွက်လာသူ ရဲ ၄ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း KPDF သတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နေ့ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အမှတ် ၁ ရပ်ကွက်အတွင်း နယ်မြေသတင်းရယူရန် IPsum ကားဖြင့် အရပ်သား အဝတ်အစားများ ဝတ်ဆင်ကာ ထွက်လာသည့် ဒုရဲအုပ် နိုင်ထူး၊ ဒုရဲအုပ် သူရမိုး၊ ဒုတပ်ကြပ် အောင်မြင့်ကျော်၊ တပ်သား တင်ထွန်းဝေတို့ကို KPDF ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အရပ်သားကားနဲ့လာပြီး အရပ်ဝတ် အဝတ်အစားနဲ့ နယ်မြေကင်းလှည့်ရင်း သတင်းစုံစမ်းဖို့လာတာ။ KPDF တပ်ဖွဲ့တွေက သိပြီး သေနတ် ပစ်ဖမ်းတာ၊ ကားမှာတော့ ကျည်ရာတွေချည်းပဲ။ ပစ်ဖမ်း တာဆိုတော့ ဒဏ်ရာတော့ ရနိုင်တယ်လို့ ယူဆရတယ်။ လောလောဆယ်တော့ အရှင်ဖမ်း မိတာပဲ သိရတယ်။ သေမသေတော့ အတည်ပြု မရသေးဘူး။” ဟု KPDF သတင်းရင်းမြစ်က ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *