Bago News

0 0
Read Time:3 Minute, 21 Second

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီအလိုကျ အတင်းအဓမ္မစစ်သားစုဆောင်းနေသူ အုပ်ချုပ်ရေးမှူး တင်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၈

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီအလိုကျ အတင်းအဓမ္မစစ်သားစုဆောင်း နေသူ အုပ်ချုပ်ရေးမှူး တင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း ပေါင်း တည် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ပေါင်းတည်မြို့နယ် မှတ်တိုင်တိုက် နယ် ရွာသစ်ကြီးအုပ်စု မြွေကြီး တွင်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး တင်ဦးကို ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နှင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF PDF တပ်ရင်း တပ်ခွဲ ၄ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အုပ်ချုပ်ရေးမှူးတင်ဦးသည် အကြမ်းဖက်စစ်ကောင်စီအလိုကျစစ်မှုထမ်းစုဆောင်း ရာတွင် အားတက် သရော လုပ်ဆောင်ပေးခြင်း၊ အကြမ်းဖက်စစ်ကောင်စီ ရခ၊စခများနှင့် ပေါင်း၍ ဆိုင်ကယ် ဖမ်းဆီး ပေါ်တာဆွဲရာတွင် လိုက်ပါဆောင်ရွက်ခြင်း၊ အုပ်စုအတွင်း မီတာခနှင့် တောင်သူလယ်သမား ချေးငွေ များကို အုပ်စုထွေအုပ်စာရေးမနှင့် ပေါင်းပြီး အတင်းအမ္မကောက်ခံပေးခြင်း၊ မြေနိမ့်ရာလှံစိုက်ဆို သလို ဆင်းရဲနွမ်းပါးသူများအား စစ်မှုထမ်းရာတွင်မဲပေါက်သည်ဟု ဆိုကာ စစ်မှုထမ်းခိုင်းခြင်းတို့ ကြောင့် ယခုကဲ့သို့ အပြစ်ပေးအရေးယူလိုက်ရခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ရွာသစ်ကြီးအုပ်စုတွင် ပထမအုပ်ချုပ်ရေးမှူးဦးညာဏ်ဝင်း ရှင်းလင်း ခံရပြီးသည့် နောက် ၎င်းတို့ အလိုကျလုပ်ဆောင်ပေးနေသော ရွာသစ်ကြီးအုပ်စု မြွေကြီးတွင်း ရွာနေ တင်ဦးကို ထပ်မံအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ပြီး တင်ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထပ်မံ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်း၍ စစ်ကောင်စီအလိုကျ လုပ်ဆောင် ပေး နေသော ပေါင်းတည်မြို့ပေါ်ရှိ ရပ်ကွက်  (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများကို လည်း ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *