AA News

0 0
Read Time:3 Minute, 43 Second

မောင်တောမြို့ရှိ လက်ကျန် နခခ ၅ စခန်းသိမ်းပိုက်ရရှိရေး အရှိန်အဟုန်မြှင့်တိုက်ခိုက်သွားမည်

 

  • အမ်းနှင့် ဂွတို့တွင်လည်းတိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ

 

D Day News

စက်တင်ဘာလ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ လက်ကျန်စခန်းတစ်ခုဖြစ်သော နခခ ၅ စခန်းကို အပြီးသတ် သိမ်း ပိုက်နိုင်ရေး ထိုးစစ်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန် သည်။

 

မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်း၌ ကစဉ့်ကလျား ထွက် ပြေးပြီး ပြည်သူ့တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ ထွက်ပြေးပုန်းခို လွတ်မြောက်နေသေး သော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော မူဆလင် အကြမ်းဖက် အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

Photo – ပုံဟောင်း

ထိုသို့ ရှင်းလင်းရေး လုပ်ဆောင်မှုနှင့်အပြိုင် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ဖက် ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ ၅ စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ် များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ အာရက္ခဒေသအတွင်းရှိ အ ပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော ဖက်ဆစ်စစ်ကောင်စီ လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

 

စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်ခန့်က အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ ၏ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာအဝေး၌ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၅ လက် အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂ တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ ခန့်ပါ စစ် ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့ကြား ၂ နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ ရာ အကြမ်းဖက် စစ်သား အလောင်း ၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း တချို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုအတူ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင်လည်း ယင်းနေရာအနီးပတ်ဝန်း ကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ် ကောင်စီတပ်သားများ အသုံးပြုသော စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်း အများအပြားတိုကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်ခန့်မှ ညနေ ၃ နာရီ မိနစ် ၂၀ အ ထိ ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ အရှေ့တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာ ကျိန္တလီကား လမ်းမအနီးရှိ တောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် -AA တို့ကြား ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *