Tanintharyi News

0 0
Read Time:2 Minute, 9 Second

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၇

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းဘမွတ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ – တောဗုံးကြီး အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာ ဘက် သို့ အင်အား ၇၄ ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ကတဲလိပ်ဆီအုန်း ကုန်း အရောက် တောဗုံးကြီးအဖွဲ့မှ ဒရုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၀၆ တပ်မှ ၈၁ မမ လက် နက်ကြီးဖြင့် ဗုံးသီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်းလမွတ်ကျေးရွာအတွင်သို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ဘန်းလမွတ်ကျေးရွာ၊ လယ်ဦးရေတံခွန်အနီးတွင် တောဗုံးကြီး တပ်ဖွဲ့မှရဲဘော်များနှင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း တောဗုံးကြီးတပ်ဖွဲ့မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ဝါချက်စတာ သေနတ် အမျိုး အစား ၁ လက်၊ ၄၀ မမ သေနတ် ၁ လက်၊ ၄၀ မမကျည် ၆ လုံး၊ ကာဗိုင်ကျည် ၂၀၀‌ တောင့်၊ ဆက်သွယ်ရေး icon စက် ၁ လုံးနှင့် ရဲဘော်တို့၏ ဖုန်း ၂ လုံး ဆုံးရှုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ – တောဗုံးကြီး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *