Shan State News

0 0
Read Time:2 Minute, 21 Second

လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၇ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ မြို့မဈေးမီးလောင်

 

D Day News

စက်တင်ဘာလ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၇ ကြိမ်‌ မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး လားရှိုးမြို့မဈေးမီးလောင်ခဲ့ကြောင်း ဒေသနေ ပြည်သူ များထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၆ မိနစ် ၊ နံနက် ၃ နာရီ မိနစ် ၄၀ နှင့် နံနက် ၃ နာ ရီ မိနစ် ၅၀ အချိန်တို့တွင် အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ ၊ ကျောက်တောင်၊ လားရှိုးမြို့မစျေးကြီးတို့ကို လေယာဉ်ဖြင့် ဗုံးများ ကြဲချခဲ့ရာ အမျိုးသား ၁ ဦး ၊ အမျိုး သမီး ၁ ဦး သေ ဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ် ရာရရှိထားကြောင်း ၊ ထို့အပြင် လားရှိုးမြို့မစျေးတွင်လည်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စျေးရုံမီးလောင်ခဲ့ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“ရပ်ကွက် ၁ ၊ နယ်မြေ ၈ မှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးပါတယ်။ ပွဲချင်းပြီး ၂ ဦး သေ ဆုံးပါတယ်။ ဒဏ်ရာရသူတွေမှာ စိုးရိမ်ရတာ ၁ ဦးဖြစ်ပါတယ်။ ဆေးရုံပို့ထားပါတယ်။ ကိုယ်ဝန် ဆောင် မိခင်တစ်ဦးလည်း ခြေထောက်မှာ ဗုံးထိထားလို့ ဆေးရုံပို့ထားရပါတယ်။ စျေးရုံမီးလောင်တာ ကတော့ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု လားရှိုးမြို့နေပြည်သူတစ်ဦးက ပြောကြားသည်။

 

လားရှိုးမြို့ဗုံးကြဲတိုက်ခိုက်မှုသည် ၇ ကြိမ်မြောက်ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်၊ စက်တင်ဘာလ ၉ ရက် ၊ စက်တင်ဘာလ ၁၀ ရက် ၊ စက်တင်ဘာလ ၂၁ ရက်၊ စက်တင်ဘာလ ၂၄ ရက်နေ့နှင့် စက်တင်ဘာ လ ၂၅ ရက်နေ့တို့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *