Sagaing News

0 0
Read Time:4 Minute, 1 Second

ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရ ၊ စစ်တပ် ပြည်သူအမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၂၇

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

 

ယနေ့စက်တင်ဘာလ ၂၇ ရက်ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ရေရှင်ကြီးရွာအား စံပါယ်နံ့သာရွာရှိ စစ်ကောင်စီအထိုင်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများက စံပါယ်နံ့သာ ရွာနှင့် ငှက်ပျောတိုင်းရွာကြား ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတွင် တည်ရှိသည့် ရေရှင်ကြီး ကျေး ရွာကို Drone ဖြင့် ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၈ ဦးထိခိုက်ခဲ့ပြီး ၎င်းတို့ထဲမှ ခရီး သွားပြည်သူအမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“ရွာထဲ ဗုံးသီးချတာ စုစုပေါင်း ၃ လုံးဗျ၊ပထမအလုံးက နေ့လယ် ၃ နာရီခွဲလောက်၊ဒုတိယအလုံးက ၄ နာရီခွဲနဲ့ နောက်ဆုံးအလုံးက ၆ နာရီထိုးခါနီးမှာချတာ။ရွာထဲလဲ ဘာမှရှိဘူးဗျ၊ဘာကြောင့်ဗုံးသီးချလဲ မသိဘူး။ ရွာထဲမှာ ပြည်သူတွေပဲရှိတာကို ရွာထဲတည့်တည့်ချတာ အကုန်ထိတာ ၈ ယောက်၊အဲ့ထဲက ခရီးသွားပြည်သူ အမျိုးသားတစ်ယောက်တော့ ဒုတိယဗုံးသီးချတဲ့အချိန် နေရာတင် ပွဲချင်းပြီး ဆုံးသွား တယ်။ အခုလိုဖြစ်တော့ ကျုပ်တို့တရွာလုံးကြောက်နေကြတယ်၊ ရွာထဲနေဖို့ လန့်လို့ တောထဲပဲ စစ် ရှောင်ရတော့မလား တွေးနေရတယ်၊ကျုပ်တို့ရွာကို Drone နဲ့ ဗုံးသီးမချခင် နေ့လယ် ၂ နာရီကျော်က လည်း သီရိမွန်ဘက်ကို လေယာဉ်နဲ့ ပစ်သေးတယ်လို့ပြောတယ်၊” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများက ဒရုန်းဖြင့် ဗုံးကြဲခဲ့သော ရေရှင်ကြီးရွာသည် စစ်ကောင်စီ အထိုင်စခန်း များနှင့် နီးကပ်သည့် ကျေးရွာဖြစ်ပြီး အေးရာအေးကြောင်းနေထိုင်ကြသည့် ရွာငယ်လေးဖြစ်ကြောင်း၊ စစ် ဘေးရှောင်ရခြင်းမှလည်း လွတ်ကင်းနေသည့်ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းကလည်း စံပါယ်နံ့သာရွာအထိုင်စခန်းမှ ထွက် လာသော ထိုစစ်ကောင်စီစစ်ကြောင်းသည် စံပါယ်နံ့သာအနောက်ဘက် ၂ မိုင်ခန့်အကွာ အရောက် အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ စံပါယ်နံ့သာအထိုင်သို့ ပြန်လည်ဝင်ရောက်ခဲ့ သွား ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်ဖြတ်ပြီး ပြန်လည် ဝင်ရောက်လာပြီးနောက်ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးရွာကို Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် ကန့်ဘလူမြို့နယ် သီရိမွန်ရွာကို နေ့လယ် ၂ နာရီ ၃၅ မိနစ်တွင် တံတားဦးတက် Mi35 ဖြင့် ပထမအကြိမ်၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ တပ်မှ တက်လာသော Mi 35 ဖြင့် သီရိမွန်ရွာနှင့် မေတ္တာမွန်ရွာကြားအား ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *