NUG News

0 0
Read Time:3 Minute, 24 Second

အကြမ်းဖက်စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေးတွေကို လုပ်ဆောင်နေပြီးမှ NUG အစိုးရက ပဲ လုပ်ဆောင်နေသယောင် ဝါဒဖြန့်ချိနေကြောင်းနှင့် အမေရိကန်အစိုးရထံမှ နှစ်စဉ်ဒေါ်လာသန်း ၂၀၀ အ ထောက်အပံ့ရရှိနေတာ မဟုတ်ကြောင်း NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး ပြောဆို

 

D Day News

စက်တင်ဘာလ ၂၇

 

အကြမ်းဖက်စစ်ကောင်စီသည် တရုတ်ဆန့်ကျင်ရေးများကို ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ခဲ့သော် လည်း ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ဆောင်နေသယောင် ဝါဒဖြန့်ချိနေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားသည်။

 

“တကယ်တန်း တရုတ်နိုင်ငံဆန့်ကျင်ရေး တရုတ်နိုင်ငံ မုန်းတီးရေး ကိစ္စတွေကို စနစ်တကျလုပ်နေ တာက အကြမ်းဖက် စကစ က လုပ်နေတာပါ။ ဆန္ဒပြပွဲတွေ နောက်ကွယ်က အမျိုးမျိုး တရုတ်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို သူတို့ဦးစီးပြီးတော့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ နောက်ကွယ်မှာတော့ တရုတ်နိုင်ငံဆန့်ကျင်ရေး ကိစ္စတွေ လုပ်နေပြီးတော့ သတင်းမီဒီယာတွေကို ကျတော့ NUG က ပဲ အ နောက်နိုင်ငံက အကူအညီတွေယူပြီးတော့ တရုတ်နိုင်ငံကို ဆန့်ကျင်နေတယ်ဆိုပြီး ဝါဒဖြန့်ချိ နေ တယ်ပေါ့လေ။ ဒါတွေဟာ ဝါဒဖြန့်ချိရေး သပ်သပ်ပေါ့နော်။ တနည်းအားဖြင့် ကျနော်တို့အပေါ်မှာ တရုတ်နိုင်ငံ အထင်အမြင်လွဲမှားစေဖို့ ကြိုးပမ်းချက်တွေပဲဖြစ်တယ်လို့ ပြောချင်ပါတယ်။” ဟု NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမေရိကန်အစိုးရထံမှ နှစ်ဒေါ်လာ သန်းနှင့်ချီ၍ အကူအညီရရှိနေကြောင်း ဝါဒဖြန့်ချိခဲ့ရာ ယင်းအချက်သည်လည်း မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“အခုတလော NUG ကနေပြီးတော့ အမေရိကန်အစိုးရဆီကနေ ဒေါ်လာတစ်နှစ်ကို ဘယ်နှစ်သန်းရ တယ် ၊ အကူအညီတွေ ရတယ်ဆိုပြီးတော့ ဒါပြောနေတာနဲ့ပတ်သက်လို့ ယေဘူယျ ပြန်ဖြေရရင် ဒါ တွေလုံးဝမဟုတ်ပါဘူး။ ဒါတွေက ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒါ တရုတ်နိုင်ငံအနေနဲ့ NUG အ ပေါ်မှာ အထင်အမြင်လွဲမှားအောင်ပေါ့လေ တမင်ဝါဒါဖြန့်ချိနေတယ်လို့ပဲ ပြောချင်ပါတယ်။ ဒီ NUG က အမေရိကန် ပြည်ထောင်စုအပါအဝင်ပေါ့လေ အနောက်နိုင်ငံတွေကနေ အကူအညီရယူပြီး တရုတ်ဆန့်ကျင်ရေးတွေ ပြုလုပ်နေတယ် အဲဒီအကူအညီတွေနဲ့ တရုတ်အကျိုးစီးပွားတွေကို ဆန့် ကျင်နေတယ်။ နောက်တခါ NUG ကလည်း အနောက်နိုင်ငံတွေကို တိမ်းညွှတ်တယ်။ ခိုင်းတာလုပ် နေတယ်ဆိုတဲ့ သဘောတွေ ဒါတွေကို ဝါဒဖြန့်ချိချင်တဲ့ အတွက်ကြောင့် ဒါမျိုး သတင်းစကားတွေကို ဖြန့်ဝေနေတယ်လို့ နားလည်ပါတယ်။” ဟု NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *