အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို မကြာမီ အချိန်တွင် ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကို စုစည်း၍ ညှိနှိုင်း ပေါင်းစပ်သွားမည်ဟု NLD ပါတီထုတ်ပြန်
D Day News
စက်တင်ဘာလ ၂၇
အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို မကြာမီ အချိန်တွင် ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကို စုစည်း၍ ညှိနှိုင်း ပေါင်းစပ်သွားမည်ဟု NLD ပါတီက ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သည့် NLD ပါတီတည်ထောင်ခြင်း ၃၆ နှစ်ပြည့် ကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ စစ်မှန်သောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တစ်ရပ်ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ အခြားအင်အားစုများသည်လည်း အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းများ ပြင်ဆင်ထားကြောင်း သိရှိရသကဲ့သို့ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်က မျှော်မှန်းရေးဆွဲထားသော အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေ(တတိယမူကြမ်း)ကို မကြာမီအချိန်တွင် ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကိုစုစည်း၍ ညှိနှိုင်းပေါင်းစပ် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ထူထောင်နိုင်ရန် လက်ရှိကြားကာလတွင် တိုင်းဒေသ ကြီးများ သို့မဟုတ် ဖက်ဒရယ်ယူနစ်များ၌ နိုင်ငံရေးတန်းတူရည်တူရှိမှု အခြေခံဖြင့် ကိုယ်စားပြုမှုရှိ သော ဒေသခံနိုင်ငံရေးအင်အားစုများနှင့် အတူလက်တွဲ၍ ကြားကာလ အစီအမံများကို ရေးဆွဲ အ ကောင်အထည်ဖေါ်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းဆောင်ရွက် လျက်ရှိ ဟု ဆိုသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သော တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့ အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ကြေညာချက်ကို ကြိုဆိုကြောင်း NLD ပါ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော ပြဿနာများဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဟု ယုံကြည်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရန် လိုအပ်ပါ ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းနှင့် နိုင်ငံတကာကိုလှည့်စားရန် ကြံစည်ဆောင်ရွက်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိအ မှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း NLD ပါတီက ဆက်လက်ပြောဆိုထားသည်။
D Day News