Mandalay News

0 0
Read Time:4 Minute, 34 Second

မြင်းခြံမြို့နယ်၊ ခြေဆေးရွာအနီးရှိ MBT တပ်ဖွဲ့စခန်းကို လာရောက်တိုက်ခိုက်သည့် စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံးပြီး ပြန်ဆုတ်ပြေး

 

D Day News

စက်တင်ဘာလ ၂၇

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ MBT တပ်ဖွဲ့စခန်းကို လာရောက်တိုက်ခိုက် သည့်အကြမ်းဖက်စစ်ာသးများကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးသေဆုံးပြီး ပြန်ဆုတ်ပြေးသွား ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း -၃ အခြေချရာ တပ်စခန်းများကို အကြမ်းဖက် စစ်တပ်က အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ MBT တပ်ဖွဲ့ ဝင်များ၏ ရဲရင့်ပြတ်သားမှုစွာ တန်ပြန်ချေမှုန်းတိုက်ခိုက်မှု၊ တည်ဆောက်ထားသော ဘန်ကာ ခိုင်မာ မှုတို့ကြောင့် အကြမ်းဖက်စစ်သားများ နောက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ဒီစစ်ကြောင်းမှာက မြင်းခြံခြေမြန်တပ်ရင်းကဟာတွေပါတယ်၊ ပြီးလို့ရှိရင် ရဲတွေ၊ သီတာယုမွန်ရဲ့ ပျူစောထီးတွေပါတယ်။ မနက် ၅ နာရီလောက်မှာ အလစ်အငိုက်ဝင်ပြီး တိုက်ခိုက်တာပေါ့။ သူတို့ အထင်ကတော့ လွယ်လွယ်ရမယ်ထင်လို့ လက်နက်အင်အား၊ လူအင်အားအသာစီးနဲ့ ဝင်လာတာ။ ဒါပေမယ့် ကျနော်တို့တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ စစ်ရေးကျွမ်းကျင်မှုတွေ ၊ စစ်ရေးအတွေ့အကြံတွေနဲ့ အမိန့်နာခံမှုအားကောင်းတာတွေကြောင့် ဒီကောင်တွေမနိုင်တော့ပဲနဲ့ နောက်ပြန်ဆုတ်သွားတယ်။ ၇ နာရီထိုးလောက်ကျတော့ ညီနောင်မဟာမိတ်တွေက အင်အားဖြည့်လာကူပေးတာ။ အဲဒီအချိန်မှာ အင်အားပို့တောင့်သွားတယ်၊ လက်နက်တွေပိုပြီးတော့ များလာတယ်။ အဲဒီအချိန်မှာ တန်ပြန်ထိုးစစ် ဆင်တိုက်တဲ့အချိန်မှာ ဒီကောင်တွေ ပြန်ပြီးထွက်ပြေးသွားတာပေါ့၊ အဲဒီအချိန်မှာ ခြေဆေးချောင်းထဲ မှာ အပိုင်ပစ်ခတ်နေတဲ့အချိန် လေယာဉ်ရယ်၊ ဒရုန်းရယ်ရောက်လာပြီးတော့  ဝေဟင်က ပစ်ကူပေး တဲ့အတွက် အနည်းငယ်ပြန်ဆုတ်ပေးခဲ့ရတာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထိုသို့ ပြန်ဆုတ်သွားပြီးနောက် နံနက် ၇ နာရီခန့်အျခိန်တွင် MBT တပ်ဖွဲ့နှင့် မဟာမိတ်တပ်များဖြစ် သော မြင်းခြံခရိုင် အမှတ် ၁၊၂၊၃၊၇၊၈) တပ်ရင်းများ ၊ မြင်းခြံခရိုင် ပကဖ၊ စွန်ရဲပြောက်ကျား တပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့များမှ တပ်ကူများလာရောက်ပူး ပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ခြေဆေးချောင်းအတွင်း၌ အကြမ်းဖက်စစ်သားများကို ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ အထိနာသွားပြီး အကြမ်း ဖက်စစ်တပ်က လေယာဉ် ၂ စီး၊ ဒရုန်း ၅ စင်းဖြင့် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနည်းပြန်ဆုတ်ပေးကာ ခုခံစစ်ဆင်အနေအထားဖြင့် စောင့် ဆိုင်းနေစဉ် အကြမ်းဖက်စစ်သားများလည်း သေဆုံး စစ်သား ၁၈ ဦးအပါအဝင် ဒဏ်ရာရ စစ်သား များကို 4 Wheel ကားဖြင့် သယ်ဆောင်ကာ မြင်းခြံမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

 

“နေ့ခင်း ၁ နာရီလောက်ကျတော့ နယ်မြေရှင်းလင်းရေးအားလုံးလုပ်ပြီးသွားပါပြီ။ လေယာဉ်ရော ၊ ဒရုန်းရော ဝေဟင်ကနေ တိုက်ခိုက်နေလို့ ပြန်ဆုတ်ပေးလိုက်ပြီး ဒုတိယခုခံစစ်ကနေ ထပ်စောင့်တဲ့ အချိန်မှာ တက်မလာတော့ပဲနဲ့ ပြန်ဆုတ်သွားကြတာ၊ အဲဒါကြောင့် လက်နက်ခဲယမ်းတွေတော့ မရခဲ့ ဘူး။ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရှင်းပြသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *