Magway News

0 0
Read Time:2 Minute, 52 Second

မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်၊ စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး စားစာခံ ပြည်သူ ၂၀ ဦးကို ကယ်ထုတ်နိုင်

 

D Day News

စက်တင်ဘာလ ၂၇

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၃ ဦး သေဆုံးပြီး ဓားစာခံပြည်သူ ၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း Pakokku People Defense Force (PPDF) ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြိုင်မြို့နယ် ၊ သရက်ကန် ပျူစောထီးကျေးရွာကို Pakokku People Defense Force (PPDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ပျူကျေးရွာမှ အပြစ်မဲ့ ဓားစာခံပြည်သူ ၂၀ ဦးကို ကယ် ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

သရက်ကန်ကျေးရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများသည် ကျေးရွာနေပြည်သူများကို ထွက်ခွင့်မပေးပဲ ဓားစာခံပိတ်ဆို့ထားရာ ပြည်သူများမှာ အစာရေစာငတ်ပြတ်လာသဖြင့် ကျေးရွာ အတွင်းမှ ကိုယ်လွတ်ထွက်ပြေးကြများရှိကြောင်း၊ ထိုသို့ ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူ ၄၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ရှောက်ကူညီပေးထားကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ၂၆ ရက်နေ့တွင်လည်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့များက သရက်ကန် ပျူကျေးရွာအား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထို့အပြင် အကြမ်းဖက်စစ်သားထံမှ RPG အဖူး ၃ ဖူး ၊ G3 ကျည် ၂၇ တောင့် ၊ ၅.၅၆ ကျည် ၉ တောင့် နှင့် G3 ကျည်ဘောက် တစ်ခုတို့ သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force ( PPDF ) ၊ အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့ နှင့်အတူ TYK ပြောက်ကြားတပ်ဖွဲ့၊ ၊ အမှတ် ၁ တပ်ရင်း ပကဖ၊ ဒေါင်းညီနောင် တပ်ဖွဲ့၊ ဒေါင်းမာန် တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄-စကြာ် ၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၂-ဂဠုန် ၊ Kamma Revolution Force (KMRF) ၊ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Tiger Warrier Force ၊ မြိုင် ရာဇာ တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု PLC ၊ နံ့သာမြေရက္ခ ၊ God of Myaing ၊ Union Brother ၊ Hunter Pakokku နှင့် Red Giant (RG) တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *