Yangon News

0 0
Read Time:5 Minute, 14 Second

စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုသည် မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူလူထု တဦးတယောက်တိုင်းအတွက် အန္တရာယ်ဖြစ်ပြီး ပြည်သူလူထုတရပ်လုံး အနေဖြင့်ရနိုင် သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် ရန်ကုန်သပိတ်အင်အားစုများက တိုက်တွန်း ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၆

 

စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုသည် မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူလူထု တဦးတယောက်တိုင်းအတွက် အန္တရာယ်ဖြစ်ပြီး ပြည်သူလူထုတရပ်လုံး အနေဖြင့်ရနိုင် သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် တိုက်တွန်း ထုတ်ပြန်လိုက်သည်။

 

နိုင်ငံတဝှမ်းရှိ ပြည်သူများ စစ်ဘေး၊ ရေဘေး စသည့် ဘေးအန္တရာယ်အမျိုးမျိုး ရင်ဆိုင်ခံစားနေ ရချိန် တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင် ရေးကိုသာ အပြင်းအထန်ကြိုးပမ်းနေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံ၏ လူမှုစီးပွား ထောက်တိုင်များကို ကိုယ်တိုင် ဖျက်စီးနေသူ ဖြစ်ပြီး သန်းခေါင်စာရင်းမှ ရရှိနိုင်သော ပြည်သူလူထု၏ ကိုယ်ရေး အချက်အလက်များကိုလည်း နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုထက် ၎င်းတို့ အာဏာတည်မြဲရေး၊ စစ်အနိုင်ရရေး၊ လူထု၏ တော်လှန်အုံကြွမှုများကို ဖိနှိပ်ရေးအတွက်သာ အသုံးချမည်မှာ မလွဲဧကန် ဖြစ်ကြောင်း ထောာက်ပြထားသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းသည် ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတစ်ခု ဖြစ် သည့် အပြင် မြို့နယ်၊ ရပ်ကွက်များအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏ အရေအတွက်များ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခြေအနေများ၊ မြို့ပြနေ သပိတ်ရဲဘော်များနှင့် တော်လှန်ရေး အင်အားစု များ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြံစည်မှုဖြစ်ပြီး မြို့ပြတော်လှန်ရေးအင်အားစု များ အပါအဝင် ပြည်သူလူထု တဦးတယောက်တိုင်းအတွက် အန္တရာယ် ရန်ကုန်အခြေစိုက် လူထု သပိတ် အစုအဖွဲ့များ ပြောဆိုသည်။

 

ထို့ကြောင့် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံး အ နေဖြင့် တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်ကြောင်း ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက ဆက်လက်ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်များ ပျက်ပြားစေရန် ဆောင် ရွက်ခြင်း၊ ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ် ခြင်း၊ သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လို အပ်သလို အကာအကွယ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ကာ ပါဝင်နိုင်ကြောင်း အသိပေးထား သည်။

 

စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ဆောင်ရွက်ကြမည့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လဝကနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း ပြည်သူလူထု၏ ဒေါသကို မလွဲဧကန် ရင်ဆိုင်ကြုံ တွေ့ရမည် ဖြစ်ပြီး အကြောင်းအမျိုးမျိုးနှင့် ဖိအားများကြောင့် မလွှဲရှောင်သာ ပါဝင်ရသည့် ဝန်ထမ်း များ အနေဖြင့် သန်းခေါင်စာရင်း လုပ်ငန်းများ နှောင့်နှေးစေရန်၊ အချက်အလက်များ မှားယွင်းစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ရင်း ပြည်သူလူထုဘက်၌ ရပ်တည်နိုင်ကြောင်း သိရသည်။

 

အဘက်ဘက်မှ ပြိုလဲပျက်စီး ကျရှုံးလာသော အကြမ်းဖက် စစ်ကောင်စီသည် စစ်မှုထမ်း၊ သန်းခေါင် စာရင်း၊ ဟန်ပြရွေးကောက်ပွဲ စသည့် ကြိုးပမ်းမှုများကို ကောက်ရိုးတမျှင်ပမာ ဆွဲကိုင်၍ အသက် ဆက်ရန် ကြံစည်လျက်ရှိပြီး ဤကဲ့သို့ စစ်ကောင်စီ၏ ကောက်ရိုးတမျှင်ပမာ ကြိုးပမ်းမှုများကို ပြည် သူ လူထုတရပ်လုံးနှင့်အတူ တော်လှန်ရေးအင်အားစုများ၊ လူထုဘက်သား ဝန်ထမ်းများ၏ စုပေါင်း အင်အားဖြင့် အတူတကွ ဆန့်ကျင်ဖြိုဖျက်ကြရမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *