Tanintharyi News

0 0
Read Time:5 Minute, 6 Second

တနင်္သာရီမြို့နယ်တွင် ၁၉ ရက်ကြာတိုက်ပွဲအတွင်း စစ်သား ၃၀ ကျော်သေဆုံး၊ စစ်တပ် က ကျေး ရွာများကို ပစ်မှတ်ထားက လက်နက်ကြီး၊ ရုန်းဖြင့် ဗုံးကျဲတိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံး ပြီး နေအိမ် ၇ လုံးထက်မနည်းမီးလောင်ဆုံးရှုံး

 

D Day News

စက်တင်ဘာလ ၂၆

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စက်တင်ဘာလ ၄ ရက်နေ့ ၂၂ ရက်နေ့ အထိ ၁၉ ရက်ကြာတိုက်ပွဲအတွင်း စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်သား ၁ ဦး တိုက်ပွဲအတွင်းမှ ထွက်ပြေး လာကာ အလင်းဝင်ခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။

 

စက်တင်ဘာလ၊ ၄ ရက် နံနက်ပိုင်းတွင် ညောင်ပင်ကွင်းရွာအခြေစိုက် ခ.မ.ရ ၅၆၁ တပ်မှ ခြောက်မိုင် ရွာ၊ ဘန်လောရွာဘက်သို့ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် မြိတ် ခရိုင်၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တစ်ချိန်ထဲ မှာပင် ဗောဓိကမ်းတံတား ဘက်မှ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် ကောင်စီတပ် နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ တို့ကြား တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဗောဓိကမ်းတံတားဘက်မှ ဘန်လောရွာဘက် စစ်ကြောင်းထိုး လာစဉ် တနင်္သာရီမြို့ပေါ်ရှိ အရပ်သားပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည့်အပြင် အရပ်သားကားများကိုလည်း ချောဆွဲအသုံးပြုခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများအပြင် ဒရုန်း များပါ အသုံးပြုပြီးဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ် နှင့် ဒရုန်းများ အသုံးပြုပြီးပြန်လည် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ ၊ KNLA တပ်ရင်း ၁၁ ၊ KTLA၊ တောကြီးမြွေဟောက် မိုင်းအဖွဲ့ (ပုလော ပြည်သူ့ကာကွယ်‌ရေးအဖွဲ့) ၊ Dragon Squad ဒရုန်းအဖွဲ့၊ မြိတ်ခရိုင် ဒရုန်းအဖွဲ့၊ ADF ဒရုန်းအဖွဲ့ စသည့် တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့ များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ ၏လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးကျဲခြင်းတို့ကြောင့် ဘန်လောရွာ၊ ဘန်လင်ရွာ နှင့် ခြောက်မိုင်ရွာရှိ လူနေအိမ်တစ်ချို့နှင့် အရပ်သားကားတစ်ချို့ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

၁၉ ရက်ဆက်တိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်

သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဘက်ကလည်း ရဲဘော် ၁ ဦးကျဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီထံမှ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ 60-MM ဗုံးသီး ၁ လုံး၊ 40-MM ကျည်သီး ၆ လုံး၊ ၁၆ ကျည် ၄၀၀ ကျော်နှင့် ခဲယမ်းတစ်ချို့ကို သိမ်းယူရရှိခဲ့ ကြောင်း သိရသည်။

 

စက်တင်ဘာလ၊ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းဗုံးကျဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျွဲထိန်းကုန်းရွာတွင် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည့် အပြင် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း၊ ဘန်လင်ရွာရှိ ပြည်သူနေအိမ် ၃ လုံးကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ၊ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းမှ စစ်သားတစ်ဦး တိုက်ပွဲ ဖြစ်ပွားနေစဉ် အချိန်အတွင်း ထွက်ပြေးလာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်လာခဲ့ ကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား ယနေ့အချိန်အထိ နှစ်ဘက်စစ်ရေးတင်းမာလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် သွားလာနေထိုင်ကြပါရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *