Sagaing News

0 0
Read Time:4 Minute, 8 Second

မုံရွာမြို့ သာစည်အကျဉ်းထောင်နှင့် ရဲကင်းကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၀ ဦး အထက် သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ သာစည်ကျေးရွာရှိ အကျည်းထောင် နှင့် ရဲကင်းကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း Snipe Rangars Force (Local – PDF) တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က အနောက်မြောက်တိုင်း စစ်ဌာနချူပ် တည်ရှိရာ မုံရွာမြို့နယ် ၊ သာစည်ကျေးရွာရှိ သာစည်ထောင်နှင့် ရဲကင်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်း၊ ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ တို့အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ပြီး နောက် ၄၀ မမ၊ လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ အနီးကပ် ပစ်ခတ်တိုက်ခိုက်နေစဉ် စစ်ကောင်စီ ဘက်မှ ထောင်ဝင်းအတွင်းမှနေ၍ ကောင်တာ ပြန်ခဲ့ကာ တောတောင်ကို အခွင့်ကောင်းယူပြီး Snipe Rangers Force ၏ လက်နက်ကြီး ပွိုင့်နေရာ ကို စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ခေတ္တခဏ တပ်ဆုတ်ပေးလိုက်ရသည်ဟု ဆိုသည်။

ခေတ္တခဏ တပ်ဆုတ်ပြီးနောက် ၁ နာရီခန့်အကြာ စုဖွဲ့မှုပြန်လုပ်ကာ အကြမ်းဖက်စစ်သားများ သိမ်း ပိုက်ထားသည့် လက်နက်ကြီးနေရာကို လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ပြီး ကျားထိုးတက်ကာ စစ်သားများလက်ထဲမှ ၆၀ မမ လက်လုပ်လက်နက်ကို ပြန်လည် ရယူခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု များ အတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

 

“တရစပ်ပစ်ပြီး ကျနော်တို့ လက်နက်ကြီးပွိုင့်နေရာကို လာဝိုင်းတာ၊ ၁၀ ဦးကျော်ကျော်လောက်ရှိ မယ်။ စက်ကလေးလည်းပါလာတယ်။ ပစ်အားမမျှတော့ ဆုတ်ပေးလိုက်ရတာပါ။ လက်နက်ကြီးပွိုင့် နေရာဆိုတော့ ကျနော်တို့ဘက်က လက်နက်ငယ်မပါတာလည်း ပါပါတယ်။ အဲဒါကြောင့်မို့ ဆုတ် ပေးလိုက်ရတာပါ။ ကျနော်တို့ဘက်က ကျားထိုးပြန်တက်တော့ အတင်းဆုတ်ပေးသွားတာ။ သူတို့ဆီ ကလက်နက်တော့မရခဲ့ဘူး။ ကျနော်တို့လက်လုပ်လက်နက်ကြီးတော့ ပြန်ရခဲ့ပါတယ်။ စကစဘက် က သေဆုံးမှုတော့များတယ်၊ အလောင်းတွေကို အမတ ၃၆၉ တပ်ကနေ လာသယ်သွားတယ်လို့ သတင်းကြားရထားတယ်။ ကျနောတို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး” ဟု Snipe Rangars Force (Local – PDF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) ၊ PHOENIX ပြောက်ကျားတပ်ဖွဲ့ ၊ HERO BROTHER MON YWA L-PDF ၊ BLACK DRAGON ၊ မုံရွာ ခရိုင်တပ်ရင်း ၂၇ တပ်ခွဲ၄ ၊ မုံရွာ ခရိုင်တပ်ရင်း ၂၄ တပ်ရင်းဒုံးတပ်ဖွဲ့ ၊ ယင်မာပင်ခရိုင်တပ်ရင်း ၉ တပ်ခွဲ ၄ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ တပ်ခွဲ ၄ ၊ ဒေါင်းပြောက်ကျားတပ်ဖွဲ့ ၊ Sun king Envoy L-PDF ၊ Special Revolution Force ၊ တောကျွဲကြီး ၊ ကမြင်းမနီ နယ်စည်းမခြား ၊ BLACK HERO L-PDF ၊ S.R.S L-PDF ၊ MON YWA M4 L-PDF ၊ BROTHER Revolution Force MON YWA ၊ ပလဖ ၊ ​ ကျေးရွာကာကွယ်ရေးအဖွဲ့ ၊ ညောင်ဦး ခရိုင် တပ်ရင်း ၁ နှင့် တွေ့မရှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“စကစကအထိနာတဲ့အတွက် အနီးအနားကို လေကြောင်းကနေ တိုက်ခိုက်နိုင်တဲ့ အတွက် ပြည်သူတွေ သတိထားနေကြဖို့နဲ့ တိုက်ပွဲဆင်လိုက်လို့ ကုန်သွားတဲ့ ခဲယမ်းတွေကို မိဘပြည်သူတွေ အနေနဲ့ တတ်နိုင်သမျှ ဝိုင်းဖြည့်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု Snipe Rangers Force (Local – PDF) တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *