လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကို MNDAA လူထုအဖွဲ့တာဝန်ခံက သွားရောက်ကြည့်ရှုစစ်ဆေး
D Day News
စက်တင်ဘာလ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကို MNDAA လူထုအဖွဲ့တာဝန်ခံက သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၄ ရက်နံနက်အစောပိုင်းက မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် လားရှို့းမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ဒဏ်ရာရရှိသူများအနက် ၄ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ၊ ဟိုတယ်များနှင့် စတိုးဆိုင်များ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုံမှန်လည်ပတ်နေသော ဈေးကွက်စီးပွားရေးလုပ်ငန်းများ ပြတ် တောက်သွားပြီး လမ်းပေါ်ရှိ အပျက်အစီးများကို MNDAA တပ်ဖွဲ့ဝန်ထမ်းများက ရှင်းလင်းရေး အမြန်လုပ်ဆောင်ခဲ့ကာ လားရှိုးမြို့ကို ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရန် ကြိုးပမ်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လားရှိုး ဆေးရုံ၌ တင်ပို့ကုသထားပြီး ထိုသို့ ဆေးကုသမှုခံယူနေရသူများကို MNDAA တပ်ဖွဲ့၊ လားရှိုးဧရိယာ စစ်ရေး အုပ်ချုပ်မှုကော်မတီအဖွဲ့ လူထုလုပ်ငန်းအဖွဲ့၏တာဝန်ခံ Mr.Li Xinhai က သွားရောက် တွေ့ ဆုံကာ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက အချိန်မရွေး သတင်းပို့ရန်နှင့် ၎င်းတို့အတွက် အစွမ်း ကုန် ကြိုးစားဖြေရှင်းပေးမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
D Day News