Tanintharyi News

0 0
Read Time:2 Minute, 59 Second

တနင်္သာရီမြို့နယ် တိုက်ပွဲ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၅

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၈ နာရီ ဝန်းကျင်ခန့်က တနင်္သာရီမြို့နယ်၊ ရှေ့မော်တုန်းရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ ၃၀၆ တပ်မှ အင်အား ၄၀ ခန့်ဖြင့် ဘန်းလမွတ်ကျေးရွာအုပ်စု အတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တနင်္သာရီပကဖဇုန် ၅ပြည် သူ့ကာကွယ်ရေးအဖွဲ့က ပနပ်ငယ်ရွာအနီး ကျောက်မိုင်းကုန်းအရောက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ထို့နောက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ဘန်းလမွတ်ရွာ အနီး လယ်ဦး ရေ တံခွန်းအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၁၈ ရက် နေ့လည်း တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်အုပ်စု၊ ညောင်ပင် ကုန်းရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို တနင်္သာရီ ပကဖ ဇုန် ၅ အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Photo – PDF တပ်ဖွဲ့ဝင်များ

ထို့အတူ စက်တင်ဘာ ၁၇ ရက်က တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာ စာသင်ကျောင်းအနီးတွင် ကင်းချထားသော စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရလူနာများကို သယ်ဆောင်သွားစဉ် လမ်း၌ တစ်ဦးထပ်မံသေဆုံးသွားကြောင်း သိရသည်။

 

စက်တင်ဘာ ၂၃ ရက်နေ့တွင် ညောင်ပင်ကုန်းရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင် စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သားများသည် မြိတ်မြို့နယ်၊ မဇောရွာနှင့် တုံးဗျောကျေးရွာအုပ်စုများကိုလည်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ ပြည်သူများနေထိုင်ရာနေရာများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *