0
0
Read Time:41 Second
ကဗျာကဏ္ဍ “ကျွန်စိတ်ဝင်က ပြုပြင်ကြ”
ပျိုးကြဲလက်
ကျွန်စိတ်ဝင်က
အမြန်ပါ့
မပြင်နိုင်က ကျွန်ခံရ ။
ကျွန်ခံရလျှင်
သားမြေးစဉ်
လမ်းထွင်မရုန်း လူညွန့်တုံး ။
လူညွန့်တုံးက
ဆက်ဆံပါ့
သခင်အားရ ကျွန်ပါးဝ ။
ကျွန်ပါးဝလာ
လူ့မိစ္ဆာ
ဘယ်မှာမိတ္တ ရှိပါစ ။
ချစ်မိတ်ဆွေဆုံး
ဘ၀ရှုံး
သိမ်းကျုံးပြင်အပ်ကျွန်စိတ်ဓာတ် ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် ည ၁၀ နာရီ ၃၈ မိနစ်
D Day News