Mandalay News

0 0
Read Time:2 Minute, 18 Second

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံမှ ထွက်လာသော စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၂၅

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ စက်မှုဇုံမှ ထွက်လာသော အကြမ်းဖက်စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားကို တည့်တည့်ထိမှန်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ရွှေဂျိုး ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ စက်မှုဇုံ အတွင်းမှ အကြမ်းဖက်စစ်သား အပြည့်တင်လာပြီး ဆီမီးခုံဆိပ်ကမ်း -မြို့သာလမ်းအတိုင်း ဆုံရွာ ဘက်သို့ မောင်းနှင်လာသော ၁၂ ဘီကားတစ်စီးကို တဲကြီးရွာနှင့် ရွာသာအေးရွာကြား အရောက် မိုင်း ဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကားကို တည့်တည့်ထိမှန်ကာ ကားပေါ်ပါ စစ်သား များက သေနတ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းကားပေါ်ပါ စစ်သားများ ထိခိုက်သေဆုံးမှု ကို အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“သေဆုံးထိခိုက်မှုကတော့ အတိအကျ မသိရဘူး။ ဆုံရွာ ပျူရွာထဲကို ဝင်သွားတာဆိုတော့၊ ကားပေါ် မှာတော့ အပြည့်ပဲ။ ပျူရွာကို အင်အား ထပ်ဖြည့်တာထက် လမ်းကြောလုံခြုံရေး ယူပေးတယ်လို့ ကြားတယ်။ ဆီမီးခုံရေနက်ဆိပ်ကမ်းကနေ ပစ္စည်းသယ်ဖို့ရှိတယ်လို့ ကြားတာ။” ဟု ရွှေဂျိုးဖြူပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(မြင်းခြံ) နှင့် AungSan’s Blood Civilians Defense Force (ABCDF)မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *