Magway News

1 0
Read Time:4 Minute, 22 Second

ရေစကြိုမြို့နယ် ဆင်မရဲရွာပျူစောထီးစခန်း အပြီးသတ် တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၄ ဦး သေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၂၅

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲရွာ ပျူစောထီးစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဒေါင်းသွေးနီပြောက်ကျား တပ်ဖွဲ့ – YSO တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၁ ရက်နေ့က ရေစကြိုမြို့နယ်၊ ဆင်မရဲရွာပျူစောထီးစခန်းစတင်တိုက်ခိုက်ခဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူအမြောက်အများအသုံးပြုခဲ့ သဖြင့် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပဲ ခေတ္တခဏပြန်လည်ဆုတ်ခွာခဲ့ကာ ပိတ်ဆို့ထားပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၅ နာရီခန့်က သေဆုံးဒဏ်ရာရ စစ်သား၊ ပျူများကို သယ်ဆောင်ကာ မြင်းခြံမြို့နယ်၊ ရုံးစင်ကြီး စခန်းဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“စတိုက်တာက ၂၁ ရက်နေ့ကတည်းစတိုက်တာ၊ အဲဒီနေ့က လေယာဉ်က အဆမတန်အင်အားနဲ့ ပစ်တော့ ပြန်ဆုတ်ခဲ့တာ၊ ပြီးတော့ ဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့ RC တွေနဲ့ ဒရုန်းတွေနဲ့ ချတယ်၊ လက်နက်ကြီးနဲ့ ပစ်တယ်၊ အမျိုးမျိုးဆော်ခဲ့တာပေါ့။ အဲလိုလုပ်တော့ မနေ့ကမှ သူတို့က ဒဏ်ရာ လူနာတွေနဲ့ ရုံးစင်ကြီးဘက်ကို ဆုတ်သွားတာ၊အဲလိုဆုတ်သွားလို့ ဝင်ပြီး ရှင်းလင်းရေးလုပ်ခဲ့တာ၊ ရှင်းလင်းရေးလုပ်တော့ သူတို့ရိက္ခာတွေ၊ ဆိုင်ကယ်တွေ ရခဲ့တာရှိတယ်။ လက်နက်တွေဘာတွေ တော့မရခဲ့ဘူး။ စခန်းတော့ မီးရှို့ခဲ့တာတွေမရှိဘူး။ ရွာထဲက ပြည်သူတွေကိုလည်း တိုက်ပွဲမစခင် ကတည်းက ပြည်သူတွေရှောင်ဖို့ စာကျဲချတယ်၊ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တယ်၊ အပြင်ကို ထွက်ကြပါ။ အဲလိုလုပ်တော့ ရှိသင့်သလောက်နည်းနည်းပါးပါးကျခဲ့တာလည်းရှိတယ်။ ထွက်သင့် သလောက်ထွက်ကြတာလည်းရှိတယ်။”  ဒေါင်းသွေးနီပြောက်ကျား တပ်ဖွဲ့ – YSO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

စက်တင်ဘာလ ၂၁ ရက်နေ့ ဆင်မရဲရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီ တပ် က Mi 35 ဖြင့် ၂ ကြိမ်၊ ဂျက်ဖိုက်တာနဲ့က ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊  ထို့အပြင် ရေစကြိုမြို့ ဖူလုံရေးတပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် အလုံး ၃၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၄ ဦးသေဆုံးပြီး ၂ ဦးအရှင် ဖမ်းမိကာ လက် နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Urban Underground Revolution Force (YSO)၊ ပခုက္ကူခရိုင် တပ်ရင်း ၃ ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ မြိုင် ပကဖ ဒရုန်းတပ် ဖွဲ့၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ (YSO)၊ ဒေါင်းစစ်သည် ပခုက္ကူအဖွဲ့၊ ဒေါင်းညီသွေးနီ သွေး သောက် YSO၊ RDS၊ နဂါးနီအထူးတပ်ဖွဲ့ မြိုင်၊ Burma Revolution Force၊ မြောင်တပ်ပေါင်းစု၊ Myaing Revolution Team၊ ညီနောင်သုံးဖော် YSO၊ Dragon Brother YSO၊ RC တပ်ပေါင်းစုနှင့် RC ပလိပ်တပ်ပေါင်းစုအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ပြည်သူတွေတော့ ရွာထဲမဝင်ခိုင်းသေးဘူး။ လေကြောင်းကနေရော၊ လက်နက်ကြီးရော ပစ်မယ် သတင်းရလို့ မဝင်ခိုင်းသေးတာ၊ နယ်မြေရှင်းလင်းရေးလည်း လုပ်နေတုန်းပဲရှိသေးတယ်။ ရှင်းလင်း ကလည်းမပြီးသေးတော့ စိတ်ချရတဲ့အနေအထားလည်းမရှိသေးဘူး” ဟု ဒေါင်းသွေးနီပြောက်ကျား တပ်ဖွဲ့ – YSO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *