CDM News

0 0
Read Time:1 Minute, 54 Second

ကပစ ၂၅ မှ တပ်ကြပ်ကြီးတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

 

D Day News

စက်တင်ဘာလ ၂၅

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကပစ ၂၅ မှ စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးတစ်ဦးသည် လက်နက် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း – Saw PDF ထံမှ သိရ သည်။

 

ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆောမြို့နယ်၊ ကပစ ၂၅ မှ စစ်ကောင်စီတပ်သား တပ်ကြပ် ကြီးတစ်ဦးသည် MA-3 အမျိုးအစား သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် အတောင့် ၆၀ ၊ ကျည်ဘောက် ၃ ခု၊ ကျည်ကာ ၁ ထည်တို့နှင့်အတူ အမှတ်၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းထံ ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိသို့ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးကို ယူဆောင် လာခဲ့သော လက်နက်ခဲယမ်းများ အပေါ်မူတည်၍ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ ၊ပျူစောထီး တပ်ဖွဲ့ ဝင်များ၊ စစ်မှုထမ်းဥပဒေအရအတင်း အကြပ် စစ်မှုထမ်းနေရသောသူများအပါအဝင် စကစ အလိုကျ အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်နေကြသူများအနေဖြင့် ပြည်သူ့မျက်နှာ ပြည်သူ့နှလုံးသားကို ရှေးရှု၍ ပြည်သူ့အလိုကျ ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံ၍ ယခုချက် ချင်း အလင်းဝင်ရောက်ကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း – Saw PDF က တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *