သီပေါမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု မြေးအဖွား ၄ ဦးသေဆုံး
D Day News
စက်တင်ဘာလ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြေးအဖွား (၄)ဦးသေဆုံးပြီး (၃)ဦး အပြင်းအထန် ဒဏ် ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခန့်က တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါ မြို့နယ်၊ နားလယ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ(၂) စီးဖြင့် ပြည်သူများကို ပစ်မှတ် ထားပြီး ဗုံး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မောင်ကြည်တာ အသက် (၁၈) နှစ်၊ မောင်ဂူသာ အသက် (၂၁) နှစ်၊ ဒေါ်မာလေး အသက် (၅၀) နှစ်နှင့် ဒေါ်အေနွန် အသက်(၇၇)နှစ်တို့ မြေးအဖွား (၄) ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုအပြင် အသက်(၂)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါဝင် အမျိုးသား(၃)ဦးတို့၌ ဦးခေါင်း၊ ခြေ ထောက်၊ ပေါင်နှင့် လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
အလားတူ နားလွယ်ကျေးရွာရှိ နေအိမ် (၁၀) လုံး ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး မပေါက် ကွဲ သေးသည့် ဗုံး (၁) လုံးလည်း ကျန်ရှိနေသေးကြောင်း သိရသည်။
စက်တင်ဘာလ ၂၃ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်တွင်လည်း စစ်ကောင်စီတပ်မှ Y-12 လေယာဥ် ဖြင့် ဗုံး အလုံး (၂၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူလူထုများ၏ နေအိမ်များ ထိခိုက်ပျက် စီးခဲ့ကြောင်း သိရသည်။
D Day News