Sagaing News

0 0
Read Time:3 Minute, 40 Second

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရဲစခန်းအပါအဝင် စစ်သား၊ ပျူအထိုင်ချစခန်းများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂၄

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရဲစခန်းအပါအဝင် အကြမ်းဖက်စစ်သား၊ ပျူများတပ်စွဲထားရာ နေရာများကို ၇ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Shwebo Crocodine တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၂ ရက်နေ့က ရွှေဘိုမြို့နယ်၊ ထန်နှောင်ဝန်းကျေးရွာ၊ မြိုက်သပြေသာရွာများကို အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုး၍ ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ ထိုနောက် ပန်းရံပျူရွာရှိ ပျူ အောင်ကျော်၏ နေအိမ်၌ သောက်စား‌ ပျော်ပါးကာ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၆ ရက်နေ့က ရွှေဘိုမြို့နယ်၊ ပန်းရံပျူရွာရှိ ပျူ အောင်ကျော်၏ နေအိမ်၌ သောက် စားပျော်နေသော အကြမ်းဖက်စစ်သား ပျူများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး၊ တဆက်တည်းတွင် မင်္ဂ လာပျူရွာရှိ ကင်းစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၇ ရက်၊ ၁၈ ရက်နေ့တို့တွင် ပန်းရံပျူရွာ၊ သီးလုံးပျူရွာတို့ကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ဆိပ်ခွန်း ရဲစခန်း၊ ရွှေဘို – ဆိပ်ခွန် -မူးကမ်း-နောင်ကြီးအိုင်လမ်းပိုင်း ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများကို ဖမ်းဆီး၊ ငွေညှစ် နေသည့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူများကို ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး ၃ လုံး၊ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအချိန်တွင် ထပ်မံ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူများ က အထိနာကာ လက်နက်ကြီးဖြင့် ၆ ချက် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၂ ရက်နေ့တွင် သီးလုံးပျူရွာနှင့် ပန်းရံပျူရွာတို့ကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူများ အထိနာပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်ခဲ့ကြောင်း၊ ထို့အပြင် ညပိုင်းတွင် ရွှေဘိုမြို့အနောက်ဘက်အထွက် ၊ မင်းကုန်းကျေရွာ ထိုင်ချ စစ်သား၊ ရဲများကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး ရွှေဘိုမြို့တွင်းမှ စစ်ကား အကြီး ၂ စီးထွက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မနားတမ်းရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၄ ၊ ရွှေဘိုနယ် ရပ်/ကျေး ပကဖ ၊ရွှေဘို မြို့နယ် ပလဖနှင့် Crocodile မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၇ ရက်ကြာ ဒရုန်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၃ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေ ဆုံးခဲ့ပြီး ၄ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *