Sagaing News

0 0
Read Time:1 Minute, 53 Second

ချင်းတွင်းမြစ်အတွင်းဖြတ်သန်းသွားလာသော စစ်ရေယာဉ် ၉ စီးအုပ်စုကို RPG ဖြင့်တိုက်ခိုက်မှု ၂ စီး မီးလောင်ပျက်စီး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂၄

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နှင့် မင်းကင်း မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်၏ ဖလက်ခွန် ရေ ယာဉ် ၉ စီးကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ စီး မီးလောင် ပျက်စီးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်း ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း ကနီမြို့နယ် နှင့် မင်းကင်း မြို့နယ် အစပ်ကို ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ ဖလက်ခွန် ရေယာဉ် ၉ စီးပါ ရေယာဉ် အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များပူးပေါင်းပြီး RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဖလက်ခွန်၂ စီး မီးလောင် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စခအသေစာရင်းကတော့ တိတိကျကျ မသိရပေမယ့် ဖလက် ၉ စီးမှာ ၂ စီးက RPG ဖူးထိမှန်ပြီး မီး လောင်သွားတယ်။ မီးခိုးတွေ အများအပြားထွက်ပြီး ထိခိုက်ပျက်စီးသွားတယ်။ စစ်သင်္ဘော ၃ စီးပါ တယ် ထိထိရောက်ရောက်ပစ်နိုင်ခဲ့တယ်” ဟု မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ခံ ကိုသစ်တော က ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၃ တပ်ရင်း၊တပ်ခွဲ ၂ Mahauurar Dragon PDF နှင့် MinGin Local PDF Union တို့ ညီနောင်မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ပွိုင့် ၃ ပွိုင့်နေရာ ယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *