Sagaing News

0 0
Read Time:3 Minute, 33 Second

မင်းကင်းမြို့နယ်၊ မြေငံရှောင် စစ်ဘေးရှောင်စခန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

D Day News

စက်တင်ဘာလ ၂၄

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းကင်းမြို့နယ်၊ မြေငံရှောင် စစ်ဘေးရှောင်စခန်းသို့ စစ်ကြောင်း ထိုး လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Student’s Revolutionary Force (S.R.F) တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မင်းကင်းမြို့မှ စစ်သား၊ ပျူစော ထီး များ နှင့် ချင်းတွင်းမြစ်အထက်ပိုင်းမှ စစ်သင်္ဘောများဖြင့် စုန်ဆင်းလာကာ အင်အားဖြည်ထားသော စစ်သားများပူးပေါင်းပြီး ပြင်းပင်မော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် ပြင်းပင်မော်ရွာအနီး မြေငံရှောင် စစ်ရှောင်စခန်းအနီးအရောက် ကျောင်းသားတော်လှန် ရေးတပ်ဖွဲ့ – SRF ၏ ရှေ့ပြေး ကင်း ထောက်အဖွဲ့နှင့် မီတာ ၅၀ ခန့်အကွာ အနီးကပ်တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြောင်း သိရ သည်။

“တာဝါတောမှာ စစ်သင်္ဘောတွေဆိုက်ကပ်ထားပြီးတော့ မင်းကင်းမြို့နယ်အတွက် စစ်အင်အား ဖြည့် တာ။ အထက်ပိုင်းက SNA အဖွဲ့တွေပါတယ်လို့ ကြားတယ်၊ ဖလက်ခွန်နဲ့ဖြည့်ထားတဲ့ စစ်အင်အားနဲ့ ပေါင်းပြီး စစ်ကြောင်းထိုးတာ။ အဓိကကတော့ စစ်ဘေးရှောင်ရှိတဲ့ ပြင်းပင်မော်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတာ၊ စစ်ဘေးရှောင်စခန်းက ကြားထဲမှာရှိတာဆိုတော့ ပြင်းပင်မော်ဘက် ဦးတည် လာတာပေါ့။ အဲဒီစစ်ဘေးရှောင်စခန်းနားမှာတိုက်ပွဲဖြစ်သွားတာ၊ ပြည်သူတွေတော့ ဘေးလွတ်ရာကို ချက်ချင်းရွှေ့ပြောင်းလိုက်ရတယ်။ ဒဏ်ရာရတဲ့သူတော့ ဆေးကုသ ပေးထားတယ်၊ အဆင်ပြေပါ တယ်၊ အိမ်တွေကတော့ မကာကွယ်လိုက်နိုင်ဘူး။ အင်အားချင်းက လည်းမမျှတော့ ပြန်ဆုတ်လိုက်ရ တာ၊ ကျနော်တို့နဲ့ဖြစ်တဲ့စစ်ကြောင်းကတော့ တာဝါတောနဲ့ကံရွာဘက်ကို ပြန်ခေါက်သွားတယ်၊ ပြန် အင်အားစုနေတုန်းတော့ ကြားရတယ်။ သူတို့ဘက်ကလည်း ထိခိုက်မှုတော့ ရှိတယ်လို့ သိရတယ်၊ လူ နာတင်ကားတွေသွားတယ်ဆိုတော့ ထိခိုက်မှုရှိနိုင်တယ်၊ အတိအကျတော့ မသိရသေးဘူး။” ဟု Student’s Revolutionary Force (S.R.F) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ အနီးကပ်တိုက်ပွဲဖြစ်မှုကြောင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) မှ ရဲဘော် တစ်ဦး ပေါင်ကို ကျည်ရှပ်ထိဒဏ်ရာရရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းကို ဦး တည်၍ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုပေးထားရကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ က လည်း တာဝါတောနှင့် ကံကျေးရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

 

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) တပ်ဖွဲ့အနေဖြင့် ဒေသနေပြည်သူလူထုနှင့် ကျေးရွာများ ကို အသက်၊ သွေး၊ ချွေးရှိသဖြင့် ဆက်လက်တိုက်ခိုက်ကာကွယ်သွားမည်ဖြစ်ကြောင်း  အသိပေး ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *