MNDAA News

0 0
Read Time:3 Minute, 28 Second

ယနေ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ယခင်ကနှင့် လုံးဝ မတူပဲ လားရှို့မြို့နေပြည်သူများ စိုးရိမ်ထိတ်လန့်စိတ်များဖြစ်စေခဲ့ဟု MNDAA ထုတ်ပြန်

 

  • စစ်တပ်က လားရှိုးမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၂၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ဗုံးကြဲတိုက်ခိုက်မှု သည် ယခင်ကနှင့် လုံးဝမတူပဲလားရှိုးမြို့နေပြည်သူများကို စိုးရိမ်ထိတ်လန့်စိတ်များဖြစ်စေခဲ့ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုသည်။

 

ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက်အစောပိုင်း ၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့် လားရှိုးမြို့ ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ပေါက်ကွဲထိရောက်အား ပြင်းထန် သည့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ လားရှိုးမြို့ ၊ ရပ်ကွက် ၂ ရှိဈေးနှင့် အနီးနားရှိ ဖူလီလိုက် ဟိုတယ် တို့ကို ထိမှန်ကာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့အပြင် နံနက် ၄ နာရီခန့်တွင်လည်း ဖူလီလိုက် ဟိုတယ်အနောက် ဘက်ရှိ လူနေရပ်ကွက်အတွင်းသို့ ဗုံးသီး ၂ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိကာ ၄ ဦးမှာ အပြင်း အ ထန်ဒဏ်ရာဖြင့်လည်းကောင်း၊ ယင်းအနက် တစ်ဦးမှ စိုးရိမ်ရဒဏ်ရာဖြင့်လည်းကောင်း ဆေးရုံတင်ပို့ ကုသထားရကြောင်း သိရသည်။

 

ယခုလေကြောင်းတိုက်ခိုက်မှုသည် လူသေဆုံးထိခိုက်မှုများရှိခဲ့ရုံသာမက မီးလောင်ကျွမ်းမှုကိုလည်း ဖြစ်စေခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားသည့်နေရာသည် လူနေထူထပ်သောဈေးနှင့် လူနေရပ်ကွက် တွင် တည်ရှိပြီး ငြိမ်းသတ်နိုင်ခြင်းမရှိပါက နောက်ဆက်တွဲဆိုးကျိုးများ ဆိုးဆိုးရွားရွား ဖြစ်လာနိုင် ကြောင်း MNDAA က ပြောဆိုသည်။

 

လားရှိုးတိုက်ပွဲပြီးနောက်ပိုင်း မင်းအောင်လှိုင်အာဏာသိမ်းတပ်တို့သည် လားရှိုးကို လေကြောင်းမှ ဗုံး ကြဲတိုက်ခိုက်မှုသည် ပဉ္စမအကြိမ်ဖြစ်ပြီး ယခု တိုက်ခိုက်မှုနှစ်ကြိမ်သည် အရင်ကနှင့် လုံးဝမတူဘဲ တိုက် လေယာဉ်မှ အနည်းဆုံးပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးများသည် လူ နေ ထူထပ်သော ဈေးများ၊ လူနေရပ်ကွက်များနှင့် ဟိုတယ်များတွင် ကျရောက်ခဲ့ပြီး ဈေးမျက်နှာစာ နှင့် လူနေအိမ်ခြေ ဒါဇင်ပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် လားရှိုးမြို့ဒေသခံများ၏ အသက်အိုး အိမ်စည်းစိမ်ကို အပြင်းအထန် ထိခိုက်နစ်နာစေခဲ့ပြီး လားရှိုးဒေသရှိ ပြည်သူများမှာလည်း စိုးရိမ်ထိတ်လန့်စိတ်များ ထပ်မံဖြစ်စေလာခဲ့ကြရကြောင်း MNDAA က ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *