Magway News

0 0
Read Time:2 Minute, 16 Second

ရေစကြိုမြို့နယ်၊ မင်းရွာ ပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်မှု ထိခိုက်သေဆုံးမှု ရှိ

 

D Day News

စက်တင်ဘာလ ၂၄

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကြဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၁ ရက်နေ့က ဗုံးသီး ၉ လုံး၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဗုံးသီး ၁၁ လုံးဖြင့် ရေစကြိုမြို့နယ်၊ မင်းရွာ ပျူစောထီးစခန်းကို Fixedwing Drone များဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်း နေ ဆဲဖြစ်ကြောင်း သိရသည်။

“လက်နက်ကိုင်အင်အားက ၁၀၀ ကျော်လောက်ရှိအုံးမယ်။ တစ်ရွာလုံးက ပျူရွာဆိုတော့ ထိခိုက် သေဆုံးမှုရှိလည်း သတင်းထွက်ဖို့က မလွယ်ဘူး။ ပြန်ပစ်တာမျိုးတွေလည်းရှိပါတယ်။ ရွာထဲကနေ အင်အားနဲ့ ထွက်လာသေးတယ်။ ဒရုန်းပြန်ကျဲတော့မှ ရွာထဲပြန်ပြေးဝင်သွားတာ။ မိဘပြည်သူတွေ ကို ပြောချင်တာက အခုချိန်မှာ ရေဘေး၊ မီးဘေး၊ စစ်ဘေးအားလုံးနဲ့ရင်ဆိုင်ရပြီးခက်ခဲနေတယ်ဆို တာနားလည်ပါတယ်၊ ဒါပေမယ့် အညာဒေသရဲ့ အပြောင်းအလဲကြိုးစားနေတဲ့ ကျနော်တို့ MBT တပ်ဖွဲ့က ခေါ်ယူနေတဲ့ End Point ပရော့ဂျက်မှာ တတ်နိုင်သလောက်လေးပါဝင်ပေးဖို့ အားနာနာနဲ့ တောင်းဆိုချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT မြင်းခြံခရိုင် အမှတ်၉ တပ်ရင်း၊ နောင်ရိုး ပြောက်ကျားတပ်ဖွဲ့ နှင့် ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *