International News

0 0
Read Time:4 Minute, 15 Second

သေဒဏ်ချမှတ်ပြီး ကွက်မျက်ပါက ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်သည်ဟု IIMM အကြီးအကဲ နိကိုလက်ခ်ခွန်ဂျန် သတိပေး

 

D Day News

စက်တင်ဘာလ ၂၄

 

ရန်ကုန်မြို့၊ အင်းစိန်ထောင်၌ လျှိုဝှက်စွာ အမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များကို ကွက်မျက်မှုသည် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား- IIMM၏ အကြီးအကဲနိကိုလပ်စ်ခွန်ဂျန်က သတိပေးလိုက် သည်။

 

စစ်ကောင်စီသည် လူပုဂ္ဂိုလ်အချို့အား အများပြည်သူရှေ့မှောက်၌ အမှုစစ်ဆေးခြင်းမပြုဘဲ သေချ မှတ်ကာ ကွက်မျက်ရန်ရှိသည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး မြန်မာနိုင်ငံလွတ်လပ်သော စုံစမ်းစစ်ဆေးယန္တရားက အနီးကပ်စောင့်ကြည့်နေကြောင်း၊ ရရှိထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်၌ လျှိုဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ် ချမှတ်ထားသော လူပုဂ္ဂိုလ်များကို ကွက်မျက်မှု ကြုံတွေ့ရနိုင်ကြောင်း အသိပေးထားသည်။

 

တရားမျှတသော အမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေ ဒဏ် ချမှတ်ခြင်း သို့မဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုမြောက်နိုင်သည်ဟု ဆိုသည်။

တရားမျှတသော အမှုစစ်ဆေးစီရင်မှုဖြစ်စေရန် အခြေခံအကျဆုံး လက္ခဏာတစ်ရပ်မှာ အမျိုးသား လုံခြုံရေးကို ထိခိုက်နိုင်သည့် ခိုင်လုံသော အကြောင်းတစ်စုံတရာရှိသည့်အခါမှလွဲ၍ အများပြည်သူ ရှေ့မှောက်တွင် အတတ်နိုင်ဆုံး စစ်ရေးရန်ဖြစ်ပြီး အမှုများအား လျှိုဝှက်စွာ စီရင်သည့်အခါ ဘက်မ လိုက်ဘဲ လွတ်လပ်သော ခုံရုံးဖြစ်ရမည်ဆိုသည့် အချက်ကဲ့သို့ တရားမျှတသော အမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြားသော အာမခံချက်များကို ကျင့်သုံးခြင်း ရှိ ၊ မရှိ သံသယဖြစ်ဖွယ်ရှိကြောင်း မြန် မာနိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား- IIMM၏ အကြီးအကဲ နိကိုလပ်စ်ခွန်ဂျန် က ပြောကြားသည်။

 

ထိုအခြေအနေမျိုးတွင် ထောင်ဒဏ်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ပါက လူသားမျိုး နွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး တရားမျှတသော အမှု စစ်ဆေးစီရင်မှု၏ အခြေခံအာမခံချက်များကို ချိုးဖောက်ပြီး သေဒဏ်ချမှတ်ခံရသော ပုဂ္ဂိုလ်များနှင့် ၎င်းတို့အား တရားစွဲထားသော အမှုများကို ယန္တရားက စောင့်ကြည့်နေပြီး အချက်အလက်များ စုဆောင်းလျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား – IIMM ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုနှင့် တခြားသော နိုင်ငံ တကာ ဥပဒေများချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန် နှင့် စိစစ်သုံးသပ် ရန် ၂၀၁၈ ခုနှစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဖွဲ့စည်းရခြင်းမှာ နိုင်ငံတွင်း ၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာ၌ အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများ ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေး ကူညီနိုင်ရည်ရွယ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *