Sagaing News

0 0
Read Time:5 Minute, 21 Second

မုံရွာမြို့ဘိုးဘွားရိပ်သာအနီးတွင် စုံတွဲတစ်တွဲကို ရိုက်နှက်ဖမ်းဆီးကာ မိန်းကလေးကို မုဒိမ်းကျင့်ခဲ့ သည့် အဖွဲ့မှ အမျိုးသားတစ်ဦးကို ဖမ်းမိပြီး စစ်ဆေးရာ စစ်တပ်က သင်တန်းပေးပြီး စေလွှတ်ထား သူဖြစ်နေ

 

D Day News

စက်တင်ဘာလ ၂၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘိုးဘွားရိပ်သာအနီးလမ်းပေါ်တွင် စုံတွဲတစ်တွဲကို ရိုက်နှက်ဖမ်းဆီးပြီး မိန်းက လေးကို အုပ်စုဖွဲ့မုဒိမ်းကျင့်သူများအနက် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီးစစ်ဆေးရာ စစ်တပ်က သင်တန်း ပေးပြီး စေလွှတ်ထားသူဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံခဲ့ကြောင်း မုံရွာပလဖက ထုတ်ပြန် ပြောဆိုထားသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက် ည ၇ နာရီခန့်က မုံရွာမြို့၊ ပြည်ထောင်စုလမ်းမပေါ် ဘိုးဘွားရိပ်သာ အနီး မီးရထားသံလမ်းအရှေ့ဘက် ကပ်လျက်လမ်းပေါ်တွင် အသက် ၁၈ နှစ်အရွယ် သမီးရည်းစား စုံတွဲကို ဖမ်းဆီးပြီး ကောင်လေးကို ထိုးကြိတ်ခြင်း၊ အုတ်ခဲဖြင့် ထုနှက်ခြင်းတို့လုပ်ဆောင်ကာ မိန်းက လေးဖြစ်သူကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့သူများအနက် အသက် ၃၀ အရွယ်အေးကျော်ကို ဖမ်းမိ ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ဖမ်းဆီးရရှိသူ အေးကျော်၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ပါဝင်သူများမှာ ဘိုဘုလုံး(ခေါ်) လက်တို ၊ ကျော်ခိုင်နှင့် ကဒေါင်တို့ဖြစ်ပြီး ၎င်းတို့ ၄ ဦးသည် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်က ကာလေးကွင်း အနီး ပြည်ထောင်စုလမ်းဘေး၊ ထန်းလုံးကြီးဘီယာဆိုင်၌ ဘီယာသောက်ကာ ဆိုက် တွဲဖြင့်ပြန်လာစဉ် ဘိုး ဘွားရိပ်သာအနီးအရောက် အသက် ၁၈ နှစ်အရွယ်စုံတွဲတစ်တွဲကိုတွေ့ရှိသဖြင့် ကောင်လေး၏ ဖုန်း ကို လုယူကာ ဝိုင်းဝန်းရိုက်နှက်ပြီး ကောင်မလေးဖြစ်သူကို အနီးရှိ မီးရထား သံ လမ်းဘေးသို့ ဆွဲခေါ် ကာ ဘိုဘုလုံးမှ ပထမဆုံး မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။

ဘိုဘုလုံးမှ မုဒိမ်းကျင့်ပြီးနောက် အေးကျော်မှ မုဒိမ်းကျင့်ရန် ကြံစည်နေစဉ် အင်းဘက်မှ လူသံများ ကြားသဖြင့် ကောင်းမလေးကို ဆိုက်တွဲပေါ် ဆွဲတင်ကာ ပြည်ထောင်စုလမ်းအတိုင်း ကား လေးကွင်း ဘက်သို့ မောင်းနှင်လာ၍ တာဝါတိုင်အနီးအရောက် လမ်းဘေးမြေနိမ့်ပိုင်းတနေရာ ထပ်မံ မုဒိမ်းကျင့် နေစဉ် ကောင်မလေးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

 

ထိုသို့ မုဒိမ်းမှုကျူးလွန်သောသူများအား မုံရွာမြို့နယ် ပလဖ အဖွဲ့က စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှု ကျူးလွန်ရာပါဝင်သူ ကျော်ခိုင်နှင့် ကဒေါင်တို့ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဘိုဘုလုံး (ခေါ်) လက်တိုမှာ နေအိမ်၌ ပြန်လည်ရောက်ရှိသည်ဟု သတင်းအရ သွားရောက်ဖမ်းဆီး စဉ် ထွက်ပြေးသွားသဖြင့် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ဘိုဘုလုံး(ခေါ်)လက်တို၊ အသားညို၊ ဂင်တို ၊ ဘယ်ဘက်လက်ပြတ် (တံတောင်ဆစ်နားမှ ပြတ်) သူအားတွေ့ရှိပါက မုံရွာမြို့နယ် ပအဖ၊ ပကဖ၊ ပလဖ များထံသို့ ဆက်သွယ် သတင်းပေးပို့ပေး ကြပါရန်နှင့် ဖမ်းဆီးရရှိသေူ အေးကျော်(ခ) ဝူခုန်းကိုလည်း တရားဥပဒေလုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးရရှိသူ အေးကျော်သည် ၂၀၂၄ ခုနှစ်၊ သင်္ကြန်နောက်ဆုံးရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အ ချိန်တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ကန်ပတ်လမ်း ၊ သံလမ်းအရှေ့ဘက်အနီးတွင် ရဲများမှ ပေါ် တာဆွဲကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခ၊ ရေအိုးစင်ဂိတ်အနီးရှိ ဆက်သွယ်ရေး တပ်ထဲ သို့ ပို့ဆောင်ခံလိုက်ရကြောင်း၊ ထို့နောက် ထောက်ပို့လေယာဉ်ဖြင့် ကလေးမြို့ အမှတ် ၁၀ တန်းမြင့် လေ့ ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခံရကာ စစ်သင်တန်းအမှတ်စဉ် ၂/၂၀၂၄ ကို တက် ရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ သင်တန်းဆင်းပြီးနောက် သင်တန်းကျောင်းမှ ဗိုလ်မှူးပြည့်ဖြိုးဝေနှင့် တပ်ကြပ်ကြီး ဆရာသွင် တို့မှ ၎င်းတို့၏ ဖုန်းနံပါတ်များပေးကာ မုံရွာမြို့သို့ ပြန်ရောက်ပါက တစ်လလျှင် စစ်သားသစ် ၁၀ ဦး စုဆောင်းကာ နမခသို့ ပို့ဆောင်ပေးရန်၊ မုံရွာမြို့နယ်အတွင်းရှိ PDF သတင်းများနှင့် အခြားသတင်း များကို စုဆောင်းကာ သတင်းပေးပို့ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် စစ်သင်တန်းဆင်းပြီးနောက် အေးကျော် (ခ) ဝူခုန်းသည် မုံရွာမြို့နေ ချစ်ကောင်းဆိုသူနှင့် ဆိုင်ကယ်များ လိုက်လံခိုးယူရောင်းစားခဲ့ရာ စုစုပေါင်း ဆိုင်ကယ် ၉ စီးရှိပြီ ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *