Sagaing News

0 0
Read Time:2 Minute, 19 Second

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းနှင့် မြသိန်းတန်ဘုရားတွင် တပ်စွဲထားသော စစ်သား၊ ရဲ များ ဗုံးကြဲတိုက်ခိုက်မှု ၂ ဦးအပြင်းအထန် ဒဏ်ရာရ (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းနှင့် မြသိန်းတန်ဘုရား၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ စစ်သား၊ ရဲ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၉ ရကနေ့မှစ၍ ၂၁ ရက်နေ့အထိ အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းကာ တပ်စွဲထား သည့် မင်းကွန်းနယ်မြေရဲစခန်းနှင့် မြသိန်းတန်ဘုရား၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၃ ရက်ဆက် တိုက် ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြသိန်းတန်ဘရား အရှေ့မုဒ်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်ငွေညစ်နေသော စစ်အုပ်စုနဲ့ မင်းကွန်းရဲစခန်း အတွင်းမှာ တပ်ဆွဲထားတဲ့ ရဲတွေကို အဓိကထား တိုက်ခိုက်ခဲ့တာပါ၊ မြသိန်းတန်ဂိတ်က ၂ ဦးတော့ ဒဏ်ရာရတယ်။ ရဲစခန်းထဲကတော့ မသိရသေးဘူး။ လက်နက်ငယ် တွေနဲ့ ပြန်ပစ်တာတော့ရှိတယ်။ မိဘပြည်သူတွေအနေနဲ့ စခတွေနဲ့ ရောနေထိုင်တာမလုပ်ဖို့နဲ့ တပ်စွဲ ထားတဲ့နေရာတွေနဲ့ဝေးဝေးနေထိုင်ပေးကြဖို့‌ မေတ္တာရပ်ခံချင်ပါတယ်” ဟု ယူနီကွန်းပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ Acid LPDF ၊ Royal Falcon Guerrilla Forceနှင့် Phoenix Sgg တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *