Yangon News

0 0
Read Time:2 Minute, 4 Second

ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ စစ်တပ် တပ်ထိန်းဝင်းအတွင်းသို့ နည်းပညာသုံး ဒုံးအသေးဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ၂ လုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်

 

D Day News

စက်တင်ဘာလ ၂၂

 

ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ် တပ်ထိန်းဝင်းအတွင်းသို့ နည်းပညာ သုံး ဒုံးအသေးစားဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် ည ၈ နာရီအချိန်ခန့်က လှိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ် တပ်ထိန်းဝန်းအတွင်းသို့ အဝေးထိန်းနည်းပညာသုံး ဒရုန်းအသေးစားဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှု ရှိနိုင်ကြောင်း သိရသည်။

Photo – ပုံဟောင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုနောက်တွဲ သတင်းကို ဆက် လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး မြို့ပြစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်ကာ နည်းလမ်းပေါင်းစုံ ဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

မြို့နေပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေ၊ ရဲ၊ စစ် သား၊ အကြမ်းဖက်စစ်အုပ်စုနှင့်ပေါင်းကာ ကိုယ်ကျိုးရှာစီးပွားရေးသမားများ၊ အကြမ်းဖက်စစ်အုပ်စု ၏ ယန္တရား လည်ပတ်စေရေး ကူညီဆောင်ပေးနေသူများအနေဖြင့် ၎င်းတို့လုပ်ရပ်များကို ရပ်တန့်ကြ ရန်နှင့် ပြည်သူလူထုနှင့်အတူ အမြန်ဆုံးပူးပေါင်းကြရန် တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *